အပိုင်း (၂၀၁) ချိုချဥ်ဝယ်ကျွေးတာက ထောင်ချောက်တစ်ခုများလား
ဖူကျို့သည် ဤနတ်ဘုရား ဝိုင်သောက်ထားမှန်း သိလိုက်သည်။ အကြောင်းမှာ ချင်မော့က သူမအနားကပ်လာသည့်ခဏတွင် သူ့ ရှူထုတ်လိုက်သောလေသည် သူမမျက်နှာကိုလာရိုက်ကာ တဆက်ထဲတွင် ဝိုင်နံ့သင်းသင်းကို ရလိုက်သောကြောင့်ဖြစ်သည်။ သူသည် ထူးထူးဆန်းဆန်း စာတစ်ကြောင်းကို ရွတ်လိုက်လေသည်။
“ အကောင်းဆုံးဖုန်းတစ်လုံးတောင်မှ မင်းလက်ထဲတစ်ခါရောက်သွားရင် အဆင်တန်ဆာတစ်ခုသာသာပဲရှိတော့တယ်”
ဖူကျို့သည် ပဟေဠိဆန်သောအမူအရာဖြင့် ကြည့်လိုက်မိသည်။
“ ဟင်”
မူလရည်ရွယ်ချက်မှာ ချင်မော့သည် ထိုကောင်လေးကို ထိန်းကွပ်ရန် နည်းလမ်းတစ်ခုပြင်ထားရာ ဖူကျို့မျက်နှာကို မြင်လိုက်ရပြီးနောက် သူ့ဆုံးဖြတ်ချက်မှာ ပို၍အားနည်းသွားလေသည်။
သူက အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့အစ်ကိုကြီးတစ်ယောက်လေ။
ဒီကောင်ကကျတော့ ဆန့်ကျန်အာခံတတ်တဲ့ မြီးကောင်ပေါက်အရွယ်မှာ အထူးဂရုစိုက်ပေးဖို့လိုနေတာ။
တစ်နေ့ထဲမှာ သူ့အမှားတွေကို အပြစ်ထပ်ပြောနေတာလဲ သေချာပေါက် မသင့်တော်လှဘူး
ထိုသို့တွေးပြီး ချင်မော့သည် သူ့အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဒရိုင်ဘာကို အမိန့်ပေးလိုက်လေသည်။
“ နဂါးငွေ့တန်း SOHO ကို”
နဂါးငွေ့တန်း SOHOတဲ့လား
စျေးဝယ်စင်တာ ကိုလား
သူတို့အဲကိုဘာသွားလုပ်မှာလဲ
ဖူကျို့သည် လူကြီး၏အတွေးရထားကို နည်းနည်းကလေးမှ လိုက်မမှီနိုင်ဖြစ်နေလေသည်။
ဒီနတ်ဘုရားက သူမကို စျေးဝယ်ထွက်စေချင်လို့လား
ဒီနတ်ဘုရားရဲ့ ဝါသနာတွေထဲမှာ ဘယ်တုန်းက စျေဝယ်ထွက်တာပါ ပြောင်းသွားတာလဲ
ဖူကျို့သည် နဂါးငွေ့တန်းSOHO သို့ သံသယများ ရင်၌အပြည့်ပိုက်ကာ ရောက်သွားတော့သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်