အပိုင်း (၂၃၅) ပါးရိုက်ခံရခြင်း

854 94 2
                                    

အပိုင်း (၂၃၅) ပါးရိုက်ခံရခြင်း

ဝိုင်ပါတီ၏အလယ်တွင်အခမ်းအနားကို ဂုဏ်ပြုသောအထိမ်းအမှတ်ဖြင့် ကြမ်းပြင်တစ်ခုလုံးကို အနီရောင်ကော်ဇော ခင်းထားသည်။

လူအနည်းငယ်သာရှိပြီး ထိုတက်ရောက်လာသူအားလုံးမှာ ကျန်းမြို့မျက်နှာဖုံး စီးပွားရေးသမားများဖြစ်ကြသည်။

တန်ဖိုးကြီးသောခန်းမထဲတွင် လူတိုင်းသည် ဝိုင်ခွက်များကို ကိုင်ထားပြီး အံ့ဩနေသောမျက်နှာများနှင့် အချင်းချင်းစကား ပြောနေကြလေသည်။ ထိုအခန်းထဲတွင် “ လူရွေးပွဲ” ဆိုသည့်စကားလုံးများကို ထပ်ခါထပ်ခါကြားနေရလေသည်။

စုမေသည် ဖူကျုံးရီ၏လက်မောင်းကိုချိတ်ကာ ကြောင်လိမ်လှေကားမှ ဆင်းလာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူမ၏နှုတ်ခမ်းပါးများကို ကွေးတက်သွားသည်အထိ ပြုံးထားလိုက်သည်။

သူမမျှော်လင့်ထားသည့်အတိုင်း ပင်ဖြစ်သည်။

သူတို့သည် Spade Z IDကို ပိုင်ဆိုင်ထားသ၍ သူမ၏သားသည်လဲ သတင်းစာခေါင်းကြီးပိုင်းတွင် ရှိနေလိမ့်မည်။

ဤခံယူချက်ဖြင့် စုမေသည် လှေကားပေါ်မှ ယုံကြည်ချက်အပြည့်နှင့် ဆင်းလာလေသည်။

ဝတ်စုံပြည့်နှင့် စားပွဲထိုးလေးသည် လူကြားထဲတွင် မအားလပ်နိုင်အောင် ဖြစ်နေသည်။

လူများသည် ဖူကျုံးရီနှင့် စုမေကိုဆင်းလာသည်ကိုမြင်လိုက်ကြသောအခါ ပြောလက်စ စကားများကို ရုတ်ခြည်း ရပ်လိုက်ကြသည်။

သူတို့အားလုံးသည် စီးပွားရေးလောကတွင် အချိန်အကြာကြီး ရပ်တည်ခဲ့သူများဖြစ်ကြရာ ပင်ကိုအားဖြင့် သူတို့၏ခံစားချက် များကို အမူအရာဖြင့် ဖော်မပြကြချေ။ သူတို့သည် စကားဝိုင်းအကြောင်းအရာကို သဘာဝကျကျ တခြားအကြောင်းအရာသို့ ပြောင်းပြောလိုက်ကြသည်။ သို့ရာတွင် သူတို့၏မျက်လုံးများသည် ဖူကျုံးရီ ရှိရာဘက်ကို မကြည့်ပဲ မနေနိုင်အောင်ဖြစ်နေ ကြလေသည်။

အကြည့်အားလုံးသည် သူမဆီသို့ ကျရောက်လာသောကြောင့် စုမေသည် သူမ၏ ကိုယ်အနေအထားကို ပြင်လိုက်ပြီး တစ်ဖက်ကိုမှီထားကာ စားပွဲထိုးမလေးဆီမှာ သူမ၏ဝိုင်ခွက်ကို လှမ်းတောင်းလိုက်သည်။ ထို့နောက်တွင် သူမသည် သူမကိုယ်သူမ လူအများနှင့် တသားထဲဖြစ်သွားအောင် လုပ်လိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now