အပိုင်း (၃၇၃) စကိတ်ဘုတ် အတူတူစီးကြမယ်၊ ချိုနေရောပဲ

355 47 3
                                    

အပိုင်း (၃၇၃) စကိတ်ဘုတ် အတူတူစီးကြမယ်၊ ချိုနေရောပဲ

ချင်မော့သည် စိတ်ထဲတွင်တော့ ငြင်းဆန်လိုက်၏။

အနည်းဆုံးတော့ သူ အရင်ဆုံး ငြင်းရမယ်လေ။

သို့သော် ရန်သူမှာ ဆန့်ကျင်တတ်သည့်အရွယ်ဖြစ်နေသည်ကို တွေးမိလိုက်ပြီး စကိတ်ပေါ်တွင် ရပ်လိုက်တော့သည်။

“ ခြေထောက်နှစ်ဘက်လုံးတင်ထားနော်”

ဖူကျို့သည် ချင်မော့ကို တစ်ချက် လှည့်ကြည့်လိုက်၏။

ချင်မော့သည် ကောင်လေး၏ အလွန်နူးညံ့ ချောမောလှသည့် မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ထိုအသွင်ရှိသည့် ဖူကျို့ကို သူ့လက်ချောင်းဖြင့် အသာပုတ်လိုက်လေသည်။

“ ငါ သိပါတယ်၊ ရှေ့ကိုသာကြည့်၊ မင်း စကိတ်ဘုတ်ကောင်းကောင်း မစီးတတ်ရင် ငါတို့တွေ စကိတ်ဘုတ်မှောက်လို့ အတူတူသေနေအုံးမယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒရိုက်ဘာဟောင်းတစ်ယောက်ရဲ့စကေးနဲ့ ငါ နင်လေးကို ပျံသွားသလိုခံစားရအောင် ခေါ်သွားပေးမယ်”

ဖူကျို့သည် ခဏလောက် ပြုံးနေလိုက်ပြီးနောက် စကိတ်ဘုတ်ကို တွန်းရန်ပြင်လိုက်သော်လည်း သူမနောက်မှ လူသည် အချိန်ကြာသည်အထိ မလှုပ်မယှက်ရပ်နေရာ မတတ်နိုင်ဘဲ ပြောရတော့လေသည်။

“အစ်ကိုမော့ရေ”

ချင်မော့သည် “ ဟင်” တစ်ခွန်းသာ ပြန်ပြောလိုက်ပြီး သူ့မျက်လုံးများက စူးရှသွားတော့သည်။ နောက်ဆုံးတွင် သူ့လက်များကို ကောင်လေး၏ပခုံးပေါ်တင်ထားလိုက်လေသည်။ အသက်ရှူသံများကြားက ရှင်းလင်းသည့်ချိုချဥ်အရသာသည် အရသာပိုလာသလို အနံ့မှာ အလွန်ချိုမြကာ အနည်းငယ်မိမိုက်နေတော့သည်။

ရှေ့နောက်ကပ်လျက် ရပ်နေပြီး ယောက်ျားနှစ်ယောက်သည် အလွန်နီးကပ်လွန်းရာ သူတို့၏ ရင်ခုန်သံများက တစ်ထပ်ထဲဖြစ်နေသယောင်ယောင်။

ချင်မော့သည် မည်သူနှင့်မျှ ဘယ်တုန်းကမှ အလွန်နီးကပ်စွာမနေဖူးပေ။ ကောင်လေးက သူ့ဘယ်ဖက်ခြေထောက်ကို တွန်းလိုက်သည့်အကြိမ်တိုင်း လေပြင်းတစ်ချက်က လိုက်ပါလာ၏။ ထိုလှုပ်ရှားမှုသည် အလွန်တရာ ခန့်ညားနေပြီး ကြီးမားသည့် အန္တရာယ်မဖြစ်နိုင်သယောင် ထင်ရ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Hikayelerin yaşadığı yer. Şimdi keşfedin