အပိုင်း (၃၀၇) သူ စိတ်လွတ်သွားတာလား

555 44 1
                                    

အပိုင်း (၃၀၇) သူ စိတ်လွတ်သွားတာလား

ချင်မော့သည် သူ့မျက်လုံးများကို ချထားပြီး သူ့မျက်တောင်များသည် သူ့ပါးပြင်ကို သပ်ကျနေသည်။ သူ့လှပသောပုံရိပ်သည်  အသက်ရှူမှားလောက်အောင်ဖြစ်နေပြီး ဖူကျို့က သူမ၏ခေါင်းကို ငဲ့စောင်းလိုက်သောအခါ ပန်းချီကားတစ်ချပ်နှယ် ဖြစ်သွားတော့သည်။

သို့သော် ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးက သူမနှင့် တစ်ဖြည်းဖြည်းနီးကပ်လာသည်ကို ခံစားမိလိုက်ပြီး သူ့ကိုယ်သင်းနံ့သည် ပို၍ပီပြင်လာသည်ဟု ထင်ရလေသည်။

သူတို့၏အသက်ရှူသံများသည် တစ်ဦးနှင့်တစ်ဦး ရစ်ပတ်သွားသည့်နှယ်။

သူမ စိတ်ကပဲ ထင်နေတာလား။

ဖူကျို့သည် ခေါင်းကို ငဲ့လိုက်ပြီး ဇဝေဇဝါနှင့်မေးလိုက်လေသည်။

“အစ်ကိုမော့ရေ”

ဤသို့ဖြင့် သူမ၏မေးခွန်းသည် နှစ်ဦးကြားက သိမ်မွေ့သောမေတ္တာလှိုင်းလေးများကို အကြင်နာကင်းစွာ ပြတ်တောက်သွားစေတော့သည်။

ဖူကျို့သည် ချင်မော့ပေါ်တွင် ခေတ္တရပ်ဆိုင်းခလုတ်ကို နှိပ်လိုက်သကဲ့သို့ သူ့လှုပ်ရှားမှုများကို ရပ်တန့်သွားစေ လေသည်။

သူတို့၏နှုတ်ခမ်းများသည် တစ်လက်မအလိုသာ ကွာဝေးတော့သည်။

သူသည် သူမရှူထုတ်လိုက်သောလေက သူ့မျက်နှာပေါ်ကို ညင်သာစွာ လာရိုက်ခတ်သွားသောအခါ နောက်ဆုံးတွင် အသိပြန်ဝင်လာသော်လည်း သူ့မျက်လုံးများမှာ ငေးငိုင်နေဆဲဖြစ်နေသည်။

ဘာလဲ။

ငါ ရူးသွားတာလား။

ငါ အဲစိတ်ဖြစ်သွားတယ်။

ချင်မော့သည် ရုတ်ခြည်းဆိုသလို သူ့ကိုယ်ကို ဆွဲခွာလိုက်ပြီး တစ်စုံတစ်ခုဆီမှ ထွက်ပြေးနေသည့်အလား အခန်းထဲမှ ခပ်မြန်မြန် ထွက်သွားတော့သည်။ သူသည် လျင်မြန်စွာလှုပ်ရှားသွားရာ လေသံများကို သူ့လှုပ်ရှားမှုနှင့်အတူ ကြားလိုက်ရသည့်နှယ်။

ဖူကျို့သည် ခေါင်းရှုပ်သွားတော့သည်။

ကြီးမြတ်လှတဲ့သခင်လေးရဲ့ သဘောထားက ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောင်းသွားတာတဲ့လဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now