အပိုင်း (၂၇၅) သူတို့တွေက လိုက်ဖက်သတဲ့လား

568 64 0
                                    

အပိုင်း (၂၇၅) သူတို့တွေက လိုက်ဖက်သတဲ့လား

လျိုလိသည် သူမကိုယ်သူမ ထိန်းသိမ်းနိုင်စွမ်းရှိသူဖြစ်သည်။ ထို့အပြင် သူမသည် တစ်နှစ်မှ တစ်ခါသာဆုံရသော ဒီလူနှင့် နီးကပ်ခွင့်ရမည့် ရှားပါးသည့်အခွင့်အရေးကို မလွဲချော်ချင်ပေ။ ထို့ကြောင့် ဒီအရာပေါ် ထိခိုက်မည့် မည်သည့်အရာကိုမျှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်ကို ဘယ်ဖက်သို့လှည့်လိုက်ပြီး ပြောလိုက်၏။

“ အထဲကို သွားရအောင်၊ ဒီနှစ်ပြိုင်ပွဲရဲ့စံချိန်က မနှစ်ကထက်မြင့်တယ်၊ ဆာကူရာအသင်းကလည်း လေ့ကျင့်ဖို့ ရောက်နေပြီ၊ ငါတို့တွေ လွန်ခဲ့တဲ့သုံးရက်က သူတို့နဲ့ချကြသေးတယ်၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါတို့တွေ ကောင်းကောင်းကြီးကို အနိုင်ပိုင်းခံလိုက်ရတယ်၊ သူတို့ရဲ့လက်ရည်က အရင်ကထက်နှစ်ဆတက်လာပြီး မနှစ်ကနဲ့ ယှဥ်ရင် လုံးဝကို မတူတော့တာ၊ အခု မိနစ်တိုင်း စက္ကန့်တိုင်းက နင်တို့တွေအတွက် အရေးကြီးလာပြီ၊ ဒါကြောင့် ငါတို့တွေ လေ့ကျင့်ရေးကို စလုပ်ပြီး လေ့ကျင့်ရေးကာလအတွက် အချိန်ပိုပေးတာ ကောင်းမယ်”

သူမသည် ထိုသို့ပြောလိုက်ရင်း Supremeအသင်းသားများ၏အာရုံကို ဆာကူရာအသင်း ဘက်သို့ အလွယ်တကူ ပြောင်းပေးလိုက်သည်။

သူတို့၏မူလရည်ရွယ်ချက်ပျောက်သွားပြီး လေးနက်လာကာ အခုလေးတင်ဖြစ်သွားသော ပွတ်တိုက်မှုလေးကို မေ့သွားတော့သည်။

လေ့ကျင့်ရေးအခန်းသည် ကွန်ပျူတာအနည်းငယ် တပ်ဆင်ထားသော ရုံးခန်းသာသာကျယ်ဝန်းသော နေရာတစ်ခုဖြစ်ပြီး အသင်းသားများက သူတို့၏စကေးကို အဆက်မပြတ်လေ့လာနိုင်ရန် ရည်ရွယ်ထားသည်။

ဒီလိုသာဆိုရင် အသင်းသားတွေက တိုကျိုကို အထူးတလည်သွားတာထက် ကျန်းမြို့မှာပဲ နေတာတောင်ကောင်းသေးတယ်။

ဒီနေရာက လေ့ကျင့်ရေးအခန်းက အရမ်းကျယ်တဲ့ အင်တာနက်ဆိုင်တစ်ဆိုင်နဲ့ ပိုတူနေတယ်။

မဟုတ်ဘူး၊ အဲလို မဟုတ်သေးဘူး၊ အင်တာနက်ဆိုင်လို့ ခေါ်ရလောက်အောင်လဲ လုံးဝမမှန်နေပြန်ဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now