အပိုင်း (၂၈၅) ချစ်ကြည်ရေးပွဲက သိပ်ဖော်ရွေမနေဘူး

676 69 0
                                    

အပိုင်း (၂၈၅) ချစ်ကြည်ရေးပွဲက သိပ်ဖော်ရွေမနေဘူး

ကာလီမိန်းကလေးများသည် ကွေးကွေး၏အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ရှိကြ၏။

ကွေးကွေးသည် ကာလီအသင်း၏ ပထမဆုံးတရာဝင်အသင်းသူဖြစ်သည်။ သူမသည် ကျန်မြို့တွက် နာမည်ကြီးရုံသာကမ နိုင်ငံအဝှမ်းတွင် ဖန်အမြောက်အများလည်း ရှိသည်။

သူမ၏ချစ်စဖွယ်အသွင်အပြင်နှင့် ကွာခြားကာ သူမသည် ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်ပြီး တိကျသည့် တိုက်ခိုက်ရေးဗျူဟာများလဲရှိသည်။

ဒီSpade Zက နိုင်ငံအဆင့်မဟုတ်တဲ့ ဂိမ်းတွေကို သူ့သူငယ်ချင်းတွေနဲ့ အတူတူ ကစားပြီးမှ FCဘုရင်ဖြစ်လာတာလေ။

အားနည်းတဲ့ပြိုင်ကဘက်က Spade Zကို အရမ်းအားကောင်းတယ်လို့ ထင်ရစေတာပေါ့။

တကယ်တော့ ဒီနိုင်ငံထဲမှာလဲ သူ့လိုလူတွေမှ အများကြီးပဲ။ သူက ဘာမှမထူးဆန်းပါဘူးနော်။

ကာလီမိန်းကလေးများသည်လည်း သူတို့အတွေးနှင့်သူတို့ ရှိကြသည်။

ထို့ကြောင့် သူတို့အမြင်တွင် ရုတ်တရက် ပြုလုပ်လိုက်သောပြိုင်ပွဲသည် ကွေးကွေးမှ ဖူကျို့ကို သင်ကြားရေးအပိုင်းတစ်အဖြစ်သာ မြင်ယောင်လိုက်ကြသည်။

သို့သော်ငြား သူတို့ မမျှော်လင့်ထားသည်က ထိုငွေရောင်ဆံပင်နှင့်ကောင်လေးသည် သူ့နားကြပ်ကို တပ်လိုက်သည့် အခိုက်အတန့်တွင် သူသည် တခြားလူတစ်ယောက်လို လုံးဝပြောင်းလဲသွားခြင်း ဖြစ်လေသည်။

ဆွဲဆောင်နေသည့် အပြုံးများသည် သူမမျက်လုံးများထဲတွင် ထပ်မပေါ်လာတော့ဘဲ အဆုံးမဲ့ အမှောင်ထုများသာ ထွက်ပေါ်လာလေသည်။

အငမ်းမရ သွေးဆာနေတဲ့ပုံမျိုး။

ကွေးကွေးသည် မည်သည့်အသေးစိတ်အစီအစဥ်ကိုမျှ မပြုလုပ်ခဲ့ချေ။ သူမ၏အတွေးတွင် ကစားသမားအသစ်နှင့် ကစားရာတွင် ပိုဂရုစိုက်ရန်သာလိုသည်ဟု မှတ်ထားလိုက်သည်။

သူသည် FCဘုရင်တစ်ယောက်ဖြစ်နေပါစေ သူမက နိုင်ငံအဆင့်ပြိုင်ပွဲများမှ အတွေ့အကြုံ ပိုများသေးသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now