အပိုင်း (၂၅၄) ချင်မော့က ဖူကျို့ရဲ့ အစ်ကိုကြီး ဆက်မလုပ်နိုင်တော့ဘူး

729 74 0
                                    

အပိုင်း (၂၅၄) ချင်မော့က ဖူကျို့ရဲ့ အစ်ကိုကြီး ဆက်မလုပ်နိုင်တော့ဘူး

ဖုန်းရီ ထိုကိစ္စကို ပြောနေစဥ်တလျှောက်လုံးတွင် ဖုန်းရှန်သည် သူ့ဘေးတွင် ထိုင်နေသည်။ အစပိုင်းတွင် သူသည် ဒေါသထွက်လွန်းသဖြင့် လက်တွင် ဆုပ်ထားသောဖုန်းကို ပစ်ပေါက်ပြီး ဒေါသတကြီး ပြန်လည်ချေပ ချင်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူ့နောက်ဘက်တွင်ရှိသော တံခါးကို ပိတ်လိုက်ကာ သူ့အစ်ကိုကြီး ထုပ်ပိုးလို့မပြီးသေးသော ခရီးဆောင် လက်ဆွဲသေတ္တာကို ကူထည့်ပေးလိုက်လေသည်။

ဖုန်းရှန်သည် သူ့အစ်ကိုကြီး၏ အမြဲတမ်းဖန် ဖြစ်ခဲ့သည်။

သို့သော် ယခုချိန်တွင်တော့ သူ့အစ်ကိုကြီးပေါ်တွင် အထင်ကြီးလေးစားမှုများသည် အဆင့်တစ်ခုကို ထိုးတက်သွားတော့သည်။

သူ့တွင် ဤကဲ့သို့သော အစ်ကိုကြီးကို ပိုင်ဆိုင်ထားရသည်မှာ အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရလေသည်။

သူ့အစ်ကိုကြီးသည် ရာထူးအမြင့်တစ်နေရာတွင်ရှိပြီး ရုပ်ဝါဒီလောကကို နေ့စဥ် တွေ့ကြုံနေရပြီး ကြီးမားသော စီးပွားရေး ကုမ္ပဏီမျိုးစုံနှင့် တွေ့ဆုံရသော်လည်း သူသည် မည်သည့်အခါကမျှ သူ့ဖြစ်တည်မှုကို ပြောင်းလဲလိုက်ခြင်း မရှိချေ။

ဒါက တရားမျှတမှုဆိုတာပဲ နေမှာ....

ဘေးကျပ်နံကျပ်အခြေအနေ ဖြစ်လာတိုင်း မန်နေဂျာတို့ လုပ်သင့်သည့်အတိုင်း သူတို့၏ဖောက်သည်ကို ကာကွယ်ပေးရမည် ဖြစ်ပြီး သူသည်လည်း ထိုကဲ့သို့ အမြဲလုပ်ပေးလေသည်။

ကြီးမြတ်လှသည့်သခင်လေးချင်က အရင်ကပြောခဲ့ဖူးလေသည်။

တကယ်လို့ဖုန်းရီသာ မဟုတ်ရင် ဒီနေ့ရဲ့ Supremeအသင်းဆိုတာ ဖြစ်လာမှာမဟုတ်ဘူး တဲ့။

အရင်က သူက နားမလည်ခဲ့လေဘူး။

သူ တွေးတာက ဂိမ်းကစားတယ်ဆိုတာ ဂိမ်းကစားရုံသက်သက်ပဲပေါ့။

သူ့အိုင်ဒေါနဲ့ တွေ့ဆုံပြီး နောက်ပိုင်း ၊ ဂိမ်းပြိုင်ပွဲတစ်ခုလုံးကို ပြုလုပ်ပြီးနောက်ပိုင်း ၊ ဒီနေ့ ဖုန်းခေါ်ဆိုမှုအပြီးမှာတော့.....

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now