အပိုင်း (၂၅၂) ဖန်များကို ဆုံးရှုံးရတော့မည့် အန္တရာယ်

782 79 0
                                    

အပိုင်း (၂၅၂) ဖန်များကို ဆုံးရှုံးရတော့မည့် အန္တရာယ်

ဆိုင်အကူလေးသည် စင်ဂယ်တစ်ယောက် ဖြစ်လေသည်။ သူသည် ချင်မော့က သူ့နှုတ်ခမ်းပေါ်တွင် ကျန်နေသော Spade Zကျွေးသည့် ခေါက်ဆွဲကို ခေါင်းလေးစောင်းကာ စားလိုက်သည့်ပုံကို ကြည့်နေမိတော့သည်။ သူ့ဘေးဖက်ပုံရိပ်မှာ အင်မတန် ချောမောနေပြီး ထိုအခိုက်အတန့်တွင် အပြင်ဘက်မှာ နှင်းများလည်း အနည်းငယ် ကျဆင်းနေသေးရာ လမ်းမီးရောင်သည် ပို၍ နူးညံ့သိမ်မွေ့ပြီး အိပ်မက်ဆန်ဆန် ဖြစ်အောင် လုပ်နေတော့သည်။

သူတို့နှစ်ယောက်သည် ရိုးရှင်းလှစွာ ချောမောနေပြီး ကြီးမြတ်လှသည့် သခင်လေးချင် သာမက Spade Zသည်လည်း နှစ်ယောက်အတူ ထိုမြင်ကွင်းကို ဖန်တီးထားကြလေသည်။

သူတို့ လုံးဝကို ပြီးပြည့်စုံတဲ့ စုံတွဲပဲဟ။

ငြင်းပယ်လို့မရအောင် ပြောင်းလဲလို့မရလောက်အောင် ပြီးပြည့်စုံနေတဲ့ စုံတွဲတစ်တွဲပဲ။

ဆိုင်အကူကောင်လေးသည် သူ့ခံစားချက်များကို အားလုံးနှင့် မျှဝေချင်စိတ် တဖွားဖွား ဖြစ်နေတော့သည်။

ထို့ကြောင့် သူ့လက်ကို မြှောက်လိုက်ပြီး သူတို့နှစ်ယောက်ကို အနှောက်အယှက်မဖြစ်စေဘဲ ဓာတ်ပုံကို တိတ်တဆိတ် ခိုးရိုက်ပြီး ဖန် အင်တာနက်စာမျက်နှာတွင် သူတို့နှစ်ယောက်ကို လှော်ပေးထားသည် ပိုစ့်ကို တင်လိုက်တော့သည်။ သူသည် ဝေဖန်ချက်တစ်ခုကို ထပ်ရေးလိုက်သေးသည်။

“ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ Spade Z တို့က ငါအလုပ်လုပ်နေတဲ့ ကုန်စုံဆိုင်မှာ ရောက်နေတယ်ဟေ့၊ အခု သူတို့နှစ်ယောက် အတူတူ ခေါက်ဆွဲစားနေကြတယ်၊ သူတို့က ငါ့ကို ပြီးပြည့်စုံတဲ့ ခေါက်ဆွဲစားနည်းကိုပါ ပြလိုက်သေးတယ်၊ ငါ ဗဟုသုတတွေ အများကြီးရလိုက်တယ်နော်၊ အရမ်းချစ်ဖို့ကောင်းတာပဲ၊ ဒါကြောင့် ငါ ဒါတွေကို နင်တို့အားလုံးနဲ့ မမျှဝေဘဲ မနေနိုင်တော့ဘူးလေ”

စာရေးပြီးနောက် ဆိုင်အကူကောင်လေးသည် စိတ်ထဲမှာ တိုးညင်းစွာ စာတစ်ကြောင်းကို ပြောလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Opowieści tętniące życiem. Odkryj je teraz