အပိုင်း (၂၀၅) ညီအစ်ကိုတွေ ဝတ်တာလား၊ စုံတွဲဝတ်စုံတာလား

803 54 0
                                    

အပိုင်း (၂၀၅)  ညီအစ်ကိုတွေ ဝတ်တာလား၊ စုံတွဲဝတ်စုံတာလား

ဆွယ်တာ၏အသားနှင့် အသုံးပြုထားသောပစ္စည်းမှာ အလွန်အရေအသွေးကောင်းရာ ဝတ်ကြည့်ရန် မဆိုထားနှင့် ကြည့်လိုက်ရုံမျှနှင့်ပင် ၎င်း၏နူးညံ့မှုကို ခံစားနိုင်သည်။ ထိုဆွယ်တာလေးသည် အလွန်နွေးကာ သက်သောင့်သက်သာရှိလေသည်။

ထိုနှင်းဖြူရောင်လေးသည် တခြားလူများကိုယ်ပေါ်တွင် ပေါ်လွင်လိမ့်မည်မဟုတ်ချေ။

သို့သော် ဖူကျို့ကိုယ်ပေါ်တွင်တော့ လူငယ်လေး၏ နှင်းကဲ့သို့ ဖြူသောအသားအရေနှင့် နက်မှောင်သောမျက်လုံးများကို ပို၍လှပလာစေသည်။

သူမ၏ငွေရောင်ဆံပင်တိုတိုနှင့် သူမ၏ဖြူဆွတ်၍ ဘယ်ဖက်နားတွင် ဝတ်ဆင်ထားသော ကြွေထည်ရောင် မဟူရာနားကပ်နှင့် ရိုးရှင်းစွာ ပြုံးလိုက်လျှင် ကွေးတက်သွားသာမျက်လုံးအစုံတို့သည် ဘေးတွင်ရပ်နေသာ အရောင်းစာရေး အမျိုးသမီးအားလုံးကို အရည်ပျော်သွားစေတော့သည်။

“ အရမ်းချောတာပဲ”

ဟုတ်ပါသည်။ ဖူကျို့မည်မျှချောမောကြောင်းနှင့် အဖြူရောင်ဝတ်စုံနှင့်ဆိုလျှင် မည်မျှမဟာဆန်ကြောင်းကို လူတို့သည် မြင်ဖူးသူမှသာ သိလိမ့်ပေမည်။

သူမသည် မော်ဒယ်ခန္ဓာကိုယ်နှင့် မွေးလာသည်ဖြစ်ရာ ကိုးရီးယားစတိုင် အဝတ်အစားပင်လျှင် သူမဝတ်လိုက်လျှင် ပွယောင်းယောင်းပုံစံဖြစ်မနေပေ။ ဆွယ်တာသည် ကော်လံမပါသောကြောင့် သူမ၏ချောမွေ့သောညှပ်ရိုးများသည် ပေါ်နေသာ်လည်း ဖူကျို့တွင် စဥ်းလဲပြီးသွေးဆာနေသာ အေးစက်စက် အရှိန်အဝါရှိနေသေးသည်။ သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတွေပေါ်နေခြင်းက လူတို့၏နှလုံးသားကို စည်းချက်လွဲလောက်အောင် ခုန်နေစေတော့သည်။

ဆိုဖာပေါ်တွင် ထိုင်နေသာချင်မော့သည် သူမဖက်သို့ လှည့်လိုက်သည်နှင့်တပြိုက်နက် စီခနဲအော်သံများကို ကြားလိုက်ရသည်။ ကောင်လေးသည် “သူ့”ဘယ်လက်ဖြင့် ”သူ့”ဆံပင်များကိုပြင်နေသည်ကို မြင်လိုက်သောအခါ ချင်မော့၏အကြည့်များမှာ မထိန်းနိုင်လောက်အောင် စူးရှသွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now