အပိုင်း (၂၁၃) အသင့်ပဲလား ပွဲစပြီနော်

728 76 1
                                    

အပိုင်း (၂၁၃)  အသင့်ပဲလား ပွဲစပြီနော်

ဝတ်စုံတွေလား။

ရွှယ်ယောင်ယောင်သည် ထိုအရာအားလုံးကို မျှော်လင့်မထားခဲ့ပါ။

ဒီတော့ ဒါတွေက မင်းသားလေးကျို့ပြောတဲ့လက်ဆောင်တွေပေါ့

သူမ၏ခေါင်းလေးကို စောင်းကြည့်လိုက်ချိန်တွင် ဦးလေး ရင်းဝူယောင်၏မျက်လုံးသည် သူ့လက်ထဲတွင် ရှိသောဝတ်စုံကို ကြည့်ကာ အရောင်ပြောင်းသွားတော့သည်။

ဖုန်းရှန်ဆိုလျှင် ပြောစရာကိုမလိုချေ။ သူ့လက်ချောင်းဖျားသည် ပိတ်စ၏အသားကို ထိရသောခံစားချက်ကြောင့် တုန်နေလေသည်။

သူသည် သူ့အစ်ကိုစီစဥ်ပေးရသော ကစားသမားများစွာကို တွေ့ခဲ့ဖူးလေသည်။ နိုင်ငံအဆင့်အသင်း၏ ဂိမ်းပြိုင်ပွဲတိုင်းကို ကြည့်သည့်အခါတိုင်း ထိုကစားသမားသည် သူတို့၏အသင်းဝတ်စုံကို ဝတ်ဆင်ကာ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး ကီးဘုတ်များကိုခေါက်လိုက် မောက်စ်များကိုရွှေ့လိုက် ကစားကြရာ သူ စဥ်းစားလိုက်မိသည်။

သူတို့တွေက သောက်ရမ်းမိုက်တာပဲ။

သူသာ စကားမထစ်ခဲ့ရင်.... သူ့ဘဝကြီးလဲ အခုနဲ့လုံးဝကွာခြားနေလောက်တယ်

ကိုယ့်ဟာကို တန်ဖိုး မချမိအောင်နေဖို့က သိပ်ခက်ခဲခဲ့တယ်လေ။
တကယ်တော့ သူ့အိုင်ဒေါကို မတွေ့ခင်တုန်းက သူက လူတွေနဲ့ စကားပြောရမှာ အရမ်းကြောက်ခဲ့တာ။

ဖုန်းရှန် ထိုအရာအားလုံးကို တွေးလိုက်ပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသည့် ထိုအပြုံးနှင့်ကောင်လေးကို မော့ကြည့်လိုက်တော့သည်။

ဖူကျို့သည်လည်း သူ့ကိုကြည့်နေပြီး သူမဝတ်စုံကိုဝတ်လိုက်ရင်း လက်မြှောက်ပြလိုက်သည်။

ဝတ်စုံ၏အသားမှာ အလွန်ကောင်းပေသည်။ ကြည့်လိုက်သည်နှင့် အထူးသီးသန့်မှာယူထားသည်ဟု ပြောနိုင်သည်။ ပခုံးလိုင်းမှာ ချောမွေ့ကာ ပြည့်စုံလွန်းလှပြီး သူမ၏အသားအရေနှင့် မျက်နှာလှလှလေးကို ဖြည့်စွက်ပေးနေတော့သည်။ သူမပုံစံသည် အဆုံးစွန်မိမိုက်ကာ ခမ်းနားနေတာ့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now