အပိုင်း (၃၅၆) ဖူကျို့က တခြားလူတွေရဲ့ အမှားကို ကာကွယ်ပေးတယ်

375 44 0
                                    

အပိုင်း (၃၅၆) ဖူကျို့က တခြားလူတွေရဲ့ အမှားကို ကာကွယ်ပေးတယ်

မန်နေဂျာသည် ဤအခြေအနေမျိုးကို ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ ထိုစကားများကို ပြောရသည့်အကြောင်းအရင်းမှာ ရာမာဂူချီအား သူ့နေရာကို သိစေချင်၍သာဖြစ်သည်။

ဒါပေမဲ့ အခုတော့ ကြည့်ပါအုံး ၊ ဘက်ပေါင်းစုံကနေ သူ့ကို ပြစ်တင်ရှုတ်ချနေလိုက်ကြတာ၊ အထူးသဖြင့် ဟိုဘက်ခြမ်းမှာ ထိုင်နေတဲ့ သတင်းထောက်တွေပေါ့။ သူတို့တွေ ကြည့်ရတာ ဒီမြင်ကွင်းကို သတင်းထဲ ထည့်ရေးတော့မဲ့ပုံပဲ။

သူ့နှဖူးမှ ချွေးသီး ချွေးပေါက်များကျလာသည်ကို သေချာ သတိပြုမိလိုက်၏။ ထိုနောက် သူသည် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ရာမာဂူချီ ငါ အဲအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ဘူးဆိုတာ မင်းသိပါတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက် ရမှတ်က တကယ်ပဲ မြင်မကောင်းဘူးလေ၊ မင်းက အမြဲတမ်း ထွက်မယ်ချည်း ပြောနေတာတော့ ဘယ်သူ့အတွက်မှ မကောင်းဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့စာချုပ်ကလည်း မပြည့်သေးဘူးလေ”

မန်နေဂျာသည် ရာမာဂူချီကို အုံကြွမှုမဖြစ်စေရန် တားဆီးစေချင်သည်မှာ သိသာလှ၏။ သို့သော် သည်တစ်ကြိမ်၌ အမြဲလိုလို သည်းခံလာသည့် ရာမာဂူချီသည် ထပ်သည်းမခံတော့ချေ။

“ ကျွန်တော် လျော်ကြေးပေးမှာပါ၊ ပြီးတော့ အခုချိန်ကစပြီး ကျွန်တော် ဆာကူရာအသင်းနဲ့ ဘာမှမပတ်သက်တော့ဘူး”

ထိုစကားကို ကြားလိုက်သည့် ဖူကျို့သည် ရာမာဂူချီကို လေးလေးနက်နက် ကြည့်လိုက်လေသည်။

“ ခေါင်းဆောင် ရာမာဂူချီ ငါ့အစ်ကိုမော့ကို ပေးခိုင်းလိုက်ပါ၊ မင်း Supremeအသင်းကို မလာလဲ ဘာမှမဖြစ်ဘူး၊ ငါ့မိသားစုကလည်း ကလပ်တစ်ခု ဖွင့်ထားတယ်၊ တစ်နှစ်အတွင်း ငါ တရုတ်မှာ မရေမတွက်နိုင်တဲ့ e-sport လက်ရွေးစင်တွေကို ထောက်ပံ့ပေးနိုင်တယ်၊ ဒါဆို မင်း ငါတို့ဆီ လာဖို့ စဥ်းစားလို့ရပြီ၊ လစာကိုတော့...”

ရာမာဂူချီသည် ချင်မော့က စကားပြီးအောင်ပေးမပြောဘဲ ကော်လံမှနေ၍ ဆွဲခေါ်သွားခံလိုက်ရသည့် ကောင်လေးကို ကြည့်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now