အပိုင်း (၂၁၇) ဟယ်မိသားစုကော့ပ် အသင်းသား ရင်းဝူယောင်

809 93 1
                                    

အပိုင်း (၂၁၇) ဟယ်မိသားစုကော့ပ် အသင်းသား ရင်းဝူယောင်

ဤကဲ့သို့ မမျှော်လင့်ထားသောနာမည်သည် ရုတ်တရက်ပေါ်ထွက်လာသောအခါ မီဒီယာဝန်ထမ်းများသည် ရုတ်ခြည်း အံ့အားသင့်သွားကြလေသည်။

ဖူရှီမင်နှင့်သူ့လူများမှာ ဘာဖြစ်နေသည်ကို မသိကြချေ။

“ ယင်တောင်ရဲ့မြောက်ပိုင်းသခင် တဲ့လား”

အဲဒါဘယ်သူလဲ

ယခုမူ တင်ဆက်သူ ထွက်ပေါ်လာရမည့် အလှည့်ဖြစ်လေသည်။ ပုံမှန်အားဖြင့် တင်ဆက်သူအားလုံးသည် <သူရဲကောင်း>ဂိမ်း၏ နိုင်ငံအဆင့် ကစားသမားများ ဖြစ်ကြရာ သူတို့သည် အခြေအနေကို ကောင်းစွာ ထိန်းသိမ်းတတ်ကြလေသည်။

“ ပရိသတ်တွေအားလုံးက ယင်တောင်ရဲ့မြောက်ပိုင်းသခင်က ဘယ်သူဖြစ်မလဲဆိုတာ သိချင်နေကြပြီမလား၊ ကျွန်တော်ရဲ့ အသက်အမှန်ကို အရင်ထုတ်ပြောမယ်ဆိုရင်ကော ဘယ်လိုလဲ။ လွန်ခဲ့တဲ့ငါးနှစ်က <သူရဲကောင်း>ဆိုတဲ့ဂိမ်းက သိပ်ပြီး လူသိ မများလာခင်တုန်းကပေါ့ ကျွန်တော်ဆိုရင် ကောင်လေးအရွယ်ပဲ ရှိသေးတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံအဆင့်ပြိုင်ပွဲ ဗီဒီယိုတစ်ခုကို ကြည့်လိုက်မိတယ်။ ကျွန်တော်မှတ်မိနေသေးတယ်ဗျ။ အဲဒီထဲက လူတစ်ယောက် ကစားနေတာကို ကြည့်ပြီးသွားတဲ့အချိန်မှာပဲ ကျွန်တော်က နိုင်ငံအဆင့်ကစားသမား ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာကိုပေါ့။ ပြီးတော့ အဲဒီလူက ယင်တောင်ရဲ့မြောက်ပိုင်းသခင် ပါပဲခင်ဗျာ၊ အဲဒီနောက်မှာပဲ ကြီးမြတ်တဲ့မြောက်ပိုင်းသခင်က ဂိမ်းလောကကို စွန့်ခွာသွားပါတော့တယ်။ အကြောင်းအရင်းကိုတော့ ဘယ်သူမှမသိကြဘူးခင်ဗျ။ ဒီဂိမ်း ID ယင်တောင်ရဲ့မြောက်ပိုင်းသခင် ဆိုတာကလဲ အဲကတည်းက တစ်ခါမှ ပေါ်မလာတော့တာ။ သူ့ကိုစောင့်နေကြတဲ့ ပရိသတ်တွေကလည်း ကျွန်တော်နဲ့ထပ်တူခံစားမိကျမယ်လို့ ကျွန်တော်ယုံတယ် ______ ကြီးမြတ်တဲ့ မြောက်ပိုင်းသခင်ကြီး နောက်ဆုံးတော့ ပြန်လာပါပြီခင်ဗျာ”

တင်ဆက်သူ၏အသံမှာ အဆုံးတွင် ဝမ်းနည်းသံ အနည်းငယ်ပါလာလေသည်။

ထိုအခိုက်အတန့်တွင် သူတို့၏ကွန်ပျူတာရှေ့ရှိ လူတချို့၏လက်များသည် ခေတ္တ တုံ့ဆိုင်းသွားကြတော့သည်။ သူတို့အားလုံးသည် သာမန်ဂိမ်းပြိုင်ပွဲတစ်ခုလို့ မျှော်လင့်ထားခဲ့ကြသည်။ သို့သော် သူတို့မသိလိုက်ခင်မှာပင် သူတို့၏မျက်လုံးများမှာ နီရဲလာပြီး မျက်ရည်များပြည့်နေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now