အပိုင်း (၃၉၀) ဇာတ်လမ်းဆင်ခြင်း

385 42 1
                                    

အပိုင်း (၃၉၀) ဇာတ်လမ်းဆင်ခြင်း

မီးများ ပိတ်သွား၏။

အိပ်မောကျသွားသည့်ဖူကျို့သည် အင်တာနက်ပေါ်မှ စာများက အဆိုးဘက်သို့ စတင်ပြောင်းလဲနေသည်ကို မသိတော့ပေ။

ထိုအရာအားလုံးသည် ကာလီအဖွဲ့၏ ပယောဂပင်ဖြစ်၏။

သည်နေ့ဖြစ်ရပ်က သူတို့ကို အလွန်ဒေါသထွက်သွားစေ၏။

အနာကျည်းဆုံးမျက်လုံးပိုင်ရှင်မှာ လျိုလိ ဖြစ်လေသည်။

ဖူကျို့က ချင်မော့ကို လာကြိုသည့်ကိစ္စသည် လျိုလိ၏အစီအစဥ်ကို ဖျက်ဆီးလိုက်ရုံမက ဟန်မိသားစု၏မောင်းထုတ်ခံရသည်အထိ ဖြစ်သွားတော့သည်။

မူလက သူမသည် ဟန်စုစု၏ ဒေါသအပေါ် အခွင့်ကောင်းယူကာ ဖူကျို့မကောင်းကြောင်း ပြောချင်ခဲ့၏။ သို့မှသာ သူမသည် ဆိုးဆိုးဝါးဝါး မနစ်နာပေမည်။

မျှော်လင့်မထားသည်က ဟန်ဖုန်းသည် သူတို့ကို ဟန်စုစု အနားကပ်ခွင့်မပေးခဲ့ချေ။ သူသည် နောက်ကျနေပြီဖြစ်သဖြင့် သူတို့ကို အိမ်ကိုသာ စောစောပြန်ခိုင်းနေ၏။

အမှန်တွင် သူ့သဘောထားသည် ထိုသို့မဟုတ်ချေ။

“ခေါင်းဆောင် ငါတို့ အခုဘာလုပ်ကြမလဲ”

လျိုလိသည် စကားမဟသေးဘဲ တစ်စုံတစ်ယောက်က ဖုန်းကို ကောက်ကိုင်လိုက်ချိန်မှ ပြောလိုက်၏။

“ ခဏလေး နင်တို့အားလုံး ဒါကို တစ်ချက်ကြည့်လိုက်ကြ”

တရားဝင်Weiboပေါ်တွင် သူတို့ တင်ထားခဲ့သည့်ပိုစ့်က စတင် အကျိုးသက်ရောက်မှုရှိလာတော့သည်။

တစ်စုံတစ်ယောက် က ပြောလိုက်၏။

“ Spade Z ကစားတဲ့ပုံကို ကြိုက်ပေမဲ့ သူက အရမ်းကောင်းတဲ့သူလည်း မဟုတ်သလို ဒေါသကလည်း ကြီးသေးတယ်”

“ ဟုတ်တယ်၊ သူ့ဖန်တွေက ဦးနှောက်မရှိတဲ့ဖန်တစ်သိုက်ပဲ၊ တော်ပါပြီ”

ထိုလူသည် ထိုစကားကို ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့ပိုစ့်က ဖျက်ချခံလိုက်ရတော့သည်။

ပိုစ့် ဖျက်ချခံလိုက်ရသောအခါ ထိုလူသည် မယုံကြည်နိုင်ဖြစ်သွားပြီး

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now