အပိုင်း (၃၇၉) အမှတ် (၂)အလယ်တန်းကျောင်းက ကလေးများ

281 31 0
                                    

အပိုင်း (၃၇၉) အမှတ် (၂)အလယ်တန်းကျောင်းက ကလေးများ

ကံအားလျော်စွာ ထိုကောင်လေးများသည် မျက်နှာအမူအရာဖတ်တတ်ပြီး ချင်မော့က သွားမရှုပ်သင့်သူတစ်ယောက်မှန်း နားလည်သွားကြတော့သည်။ သူတို့သည် သူတို့သူငယ်ချင်းကို တားရန် ထလျှောက်လာကာ ရှင်းပြလိုက်လေသည်။

“ အစ်ကို ကျွန်တော်တို့တွေ နောက်တစ်ယောက်ရဖို့ အလျင်လိုသွားလို့ပါ၊ ကျွန်တော် ဒီနားမှာ ဂိုဏ်းလေးတစ်ခုရှိတယ်”

“ဂိုဏ်းဟုတ်လား”

ဖူကျို့သည် သူမ၏မျက်ခုံးများကို ပင့်ထားလိုက်၏။

“ ဘယ်တုန်းက ဟီးရိုးဂိမ်းမှာ ဂိုဏ်းတွေရှိလာတာလဲ”

ထိုလူသည် မျှော်လင့်မထားလောက်အောင် လေးလေးနက်နက် ပြန်ဖြေလိုက်၏။

“ ဂိမ်းထဲမှာမဟုတ်ပါဘူး၊ ဒါက ကျွန်တော်တို့ကျောင်းနဲ့ အမှတ် (၁)အလယ်တန်းကျောင်းကြားက ကိစ္စပါ၊ ကျွန်တော်တို့ ရှုံးလို့မဖြစ်ဘူး”

အမှတ်(၁)အလယ်တန်းကျောင်းမှ လူဖြစ်သည့် ဖူကျို့သည် သူတို့ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်မသိ ဖြစ်သွားတော့သည်။

ထိုလူသည် အတန်စိတ်လှုပ်ရှားကာဖြင့် ဆက်ပြောလိုက်၏။

“ သူတို့တွေက တခြားလူတွေကို ဖိတ်ပြီး ဟီးရိုးထဲမှာ ကျွန်တော်တို့ကို စိတ်ခေါ်ခဲ့တာ၊ သိတဲ့အတိုင်းပဲ ကျွန်တော်တို့မှ လေးယောက်ပဲရှိတယ် ပြီးတော့ 5v5 ကစားဖို့ဆို တစ်ယောက်ထပ်လိုနေတယ်၊ အခုသူတို့တွေက သူတို့ကိုယ်သူတို့ အရမ်းအားပြည့်နေတဲ့ပုံနဲ့ ကျွန်တော်ကို ငကြောက်တွေကို ပြောနေတာ”

သူသည် စားပွဲကို ဆောင့်လိုက်ပြီး ပြောလိုက်လေသည်။

“ အမှတ် (၂)အလယ်တန်းကျောင်းက အဲလိုငကြောင်တွေကို ဘာလို့ အရှုံးပေးရမှာလဲ၊ သူတို့အားလုံးက စာဂျပိုးတွေလိုပဲ ပြီးတော့ စာလုပ်ဖို့လောက်ပဲ သိတာ သူတို့ကို ရှုံးသွားတာက ကျွန်တော်တို့ကို စော်ကားနည်းတမျိုးပဲဗျ”

“ အဟုတ်ပဲ”

ကျန်သုံးယောက်က သံယောင်လိုက်ကြ၏။ သူတို့သည် ကျောင်းဂုဏ်သိက္ခာအတွက် ရင်ဆိုင်ကြတော့မည့်ဟန် ဖြစ်နေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now