အပိုင်း (၂၈၀) တိုကျို၏ ဧည့်ဝတ်ပျူငှာမှု
“ အပျံစားပဲဖြစ်ရမယ်၊ သူတို့တွေက ပြည်နယ်ချန်ပီယံအနေနဲ့ နိုင်ငံအဆင့် ပြိုင်ပွဲတောင် ဝင်ခဲ့ပြီးပြီလို့ ငါကြားတယ်”
“ ဪ ငါ အဲပွဲကို ကြည့်ရတယ်လေ၊ ကစားသမားဟောင်းတွေတောင် ဝင်မပြိုင်နိုင်ဘူး၊ သူတို့တွေက ကစားသမားအသစ်တွေနဲ့ပဲ လှလှပပ အနိုင်ယူသွားတာ၊ ဆာကူရာအသင်းကတော့ ဒီနှစ် တကယ်ပဲ လိုက်လို့မမီနိုင်လောက်အောင်ကို အစွမ်းပြသွားတာ”
“ သူတို့တွေက တရုတ်ကအသင်းကို မိတ်ဖြစ်ပြိုင်ပွဲမှာ အနိုင်ရလွှမ်းမိုးသွားခဲ့တာတဲ့၊ အဲဒီတရုတ်အသင်းက မိန်းကလေးအသင်းတစ်ခုတဲ့..... မင်းတို့တွေ ငါပြောနေတာကို နားလည်သင့်ပြီ”
အားလုံးသည် အပြန်အလှန် သဲကြီးမဲကြီး ဆွေးနွေးပြောဆိုနေကြလေသည်။
ဆာကူအသင်းခေါင်းဆောင်သည် ဂရုမစိုက်ချေ။ သူသည် အဝေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့ဘေးကလူကို မေးလိုက်၏။
“ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ အရမ်းတော်တဲ့ ကစားသမားနှစ်ယောက်ပါတယ်လို့ ငါ ကြားတယ်၊ အမှန်ပဲလား”
“အမှန်ပဲ”
ထိုတိုကျိုသားသည် အလွန်စိတ်လှုပ်ရှားနေရာ သူ့လေသံပင် မြင့်သွားလေသည်။
“ ဒါပေမဲ့ သူတို့တွေ ဒီမှာမရှိတော့ဘူး၊ ဒါကြောင့် မင်း ဂိမ်းထဲမှာ သူတို့ကို မတွေ့ရတော့တာလေ”
ဆာကူရာအသင်းသားများ ထိုစကားကိုကြားလိုက်ပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။
“နှမြောစရာပဲ”
သူတို့သည် တိုကျိုပြိုင်ပွဲဝင်အသင်းကို ခြိမ်းခြောက်နိုင်လောက်သည့် သူကို တွေ့ဆုံရန် မျှော်လင့် နေကြတော့သည်။
သူတို့သည် ပထမတစ်သင်းကို အနိုင်ယူခဲ့ပြီးပြီ။
နှစ်သင်းကျန်နေသေးသည်။
သူတို့နှင့် အပြီးသတ်ပြိုင်ရန် ကျန်နေသည့် တစ်သင်းမှာ တရုတ် နံပါတ် ၁ အသင်းဖြစ်သည်။
ထို့ကြောင့် ဆာကူရာအသင်းသည် လက်ရှိရောက်လာသည့်အသင်းကို ရှန်းနန် အသင်းဟု ထင်သွားသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်