အပိုင်း (၂၄၆) မတရားကို သဝန်နေတော့တယ်
ဖူကျို့သည် သူမ၏ စိုပြေ လှပသောမျက်နှာလေးကို ဘေးဖက်သို့ လှည့်လိုက်ရာ သူမ၏ ငွေရောင်ဆံစတို့သည် သူမ၏ နားအနောက်ဖက်သို့ အလိုလို ကျရောက်သွားလေသည်။ သူမ၏ လက်ချောင်းဖျားများသည် မီနူးစာရွက်များကို လှန်လှော နေလေသည်။ ဟင်းပွဲများကို ကြည့်လိုက်ပြီး အထူးတလည် မှာရန် မတွေ့မိသောအခါ သူမ၏ ဘေးတွင် ထိုင်နေသာ ရွှယ်ယောင်ယောင်ကို ညင်ညင်သာသာ မေးလိုက်လေသည်။
“ နင် ဘာစားချင်လဲ၊ နင် စားချင်တဲ့ဟာရှိလား”
“မရှိဘူး”
ရွှယ်ယောင်ယောင်သည် ချစ်စဖွယ် မိန်းမငယ်လေးသဖွယ် ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုမြင်ကွင်းကြောင့် ချင်မော့သည် အသံထွက် ရယ်လိုက်တော့သည်။ အစားအသောက်ခန်း၏ မီးရောင် အထပ်ထပ်အောက်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။ သူသည် ခေါင်းကို စောင်းကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်လေသည်။ မီးခို့ငွေ့များသည် သူ့ပတ်ပတ်လည်ကို ဝန်းရံထားပြီး သူ့ပတ်ဝန်းကျင်ရှိ အေးစက်မှုသည်လည်း ပို၍ တိုးလာတော့သည်။
သို့ရာတွင် ထိုနှစ်ယောက်သည် ချင်မော့၏ အဝေးတွင် ရှိနေသောကြောင့် ထိုနေရာမှနေ၍ မည်သည်ကိုမျှ မခံစားမိကြပေ။
ဖူကျို့သည် ဟင်းအမယ် အများအပြားကို မှာယူပြီးနောက် ဘေးမှနေ၍ အော်ဒါလိုက်မှတ်နေသာ ဝိတ်တာလေးကို ပြောလိုက်သည်။
“ ဒီမှာ ဘီယာအပျော့စား ရလား”
“ ဟုတ်ကဲ့၊ ရပါတယ်”
“ ဒါဆိုရင် ဘူးအလုံး သုံးဆယ် အရင်ချပေးနော်၊ အကြီးတွေပဲပေး၊ လိုရင် ထပ်ပြောမယ်နော်၊ ရေခဲလဲ နည်းနည်းလောက် ပေးနော်”
“ကောင်းပါပြီ”
ဘီယာဘူးအလုံးသုံးဆယ်ကို လူတစ်ဒါဇင်လောက်က သောက်နိုင်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဘီယာကို မည်သူကမှ ရေခဲနှင့် အတူ မမှာပေ။ သို့ဖြစ်ရာ ဝိတ်တာလေးသည် အော်ဒါမှန် မမှန် အတည်ပြုရန် လူငယ်လေးကို ထပ်ကြည့်လိုက်သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်