အပိုင်း (၃၉၈) ကြီးမြတ်လှတဲ့သခင်လေးက ဟယ်ဟုန်ဟွာရဲ့ ဧည့်သည်ဖြစ်တယ်
ဖူကျို့၏အိမ်ရှိအခြေအနေသည် သည်နေ့မှာ အတော်ပင် တစ်မူထူးခြားနေတော့သည်။
အဟုတ်ပင်။ အမှန်တကယ် ထူးခြားပေသည်။
အထူးသဖြင့် ဟယ်ဟုန်ဟွာကြောင့်ပင်။ သူမသည် မီးဖိုဆောင်ထဲတွင် စွပ်ပြုတ် လုပ်နေသည်မဟုတ်သလို အနီရင့်ရင့်ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ အိမ်ကို ပတ်လျှောက်နေသည်လည်း မဟုတ်ပေ။ ထိုအစား သူမသည် ဆိုဖာပေါ်တွင် ထိုင်နေ၏။
ဖူကျို့သည် အောက်ထပ်သို့ ဆင်းလာသည်နှင့် ထိုမြင်ကွင်းကို တွေ့သွားတော့သည်။ သူမသည် တဖန်မော့ကြည့်လိုက်ရာ ထိုလူသည်လည်း ဧည့်ခန်းထဲ၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် လမ်းလျှောက်နေရင်းက ရပ်လိုက်၏။
“ အစ်ကိုမော့လား”
သူမ၏အမေသည် အဘယ်ကြောင့် အလွန်ကောင်းကောင်းမွန်မွန် ပြုမူနေသည်ကို အခုမှ သိသွားတော့သည်။
ကြီးမြတ်လှသည့်သခင်လေးသည် အထူးသဖြင့် အနက်ရောင် အပေါ်ထပ်အနွေးထည်ကို ဝတ်ဆင်ထားလျှင် အလွန်အားကောင်းသည့်အရှိန်အဝါရှိ၏။
ကြီးမြတ်လှတဲ့သခင်လေးက ငါလေးကို ဘာမှမပြောဘဲနဲ့ ဘာလို့ရောက်လာတာတဲ့လား။
ဒီလို အချိန်ကြီးမှာလေ။
ဖူကျို့သည် သူရှိရာဘက်ကိုကြည့်ကာ မျက်ခုံးပင့်လိုက်လေသည်။
သူမအမေက သူမကို ဘေးသို့ဆွဲလိုက်ပြီး အသံကို နိမ့်ကာ
“သူဌေးချင်က အမေ့အတွက် လက်ဆောင်တွေ အများကြီးယူလာပေးတယ်၊ အမေလက်ခံလိုက်သင့်လားဟင်”
ဒါတွေက မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေမှမဟုတ်တာ သူက ဘာလို့ အဲလိုစိတ်လှုပ်ရှားနေရတာတဲ့လဲ။
“ဘာလို့ မရရမှာလဲ”
ဖူကျို့သည် ချင်မော့ဆီမှ လက်ဆောင်များကို ဘယ်တုန်းကမှ မငြင်းခဲ့ဖူးပေ။ သူမသည် ချင်မော့ဘေးတွင် ထိုင်ချလိုက်ပြီးနောက် ပြောလက်စစကားကို အဆုံးသတ်လိုက်လေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်