အပိုင်း (၃၄၈) Supremeအသင်း ရှုံးတော့မှာလား

340 40 0
                                    

အပိုင်း (၃၄၈) Supremeအသင်း ရှုံးတော့မှာလား

လမ်းကြောင်းသုံးခု ရှိ၏။

ဘယ်ဖက်လမ်း၊ အလယ်လမ်းနှင့် ညာဖက်လမ်းတို့ ဖြစ်၏။

ကစားသမားငါးယောက်တွင် ရွှယ်ယောင်ယောင်ကလွဲလျှင် ကျန်သူများမှာ ပညာရှင်များဖြစ်ကြ၏။

တစ်ဖက်အသင်း၏ stun spell ခံရသည်မှာ မဆန်းချေ။

“မိုက်တယ်”

“ အရှိန်က အံ့ဩစရာကောင်းချက်”

“ဆာကူရာအသင်းက နိုင်မှာ သေချာတယ်”

သတင်းထောက်များသာမက ပရိသတ်များအားလုံးသည် ဤသို့ပင် တွေးနေကြလေသည်။

စခရင်ကို ကြည့်ရုံနှင့်ပင် အလွယ်ပြောနိုင်၏။ ဆာကူရာအသင်းသည် လျင်မြန်စွာ လှုပ်ရှားနေပြီး သူတို့ထဲမှ သုံးယောက်က အလယ်လမ်းတွင် တိုက်နေကြ၏။

အားပြင်းသည့်ရိုက်ချက် သုံးလေးချက်နှင့် သူတို့သည် မြို့ကိုကာကွယ်ထားသည့် ဖန်သားရောင်တာဝါအနားသို့ ရောက်လုနီးပါးဖြစ်နေပြီး အလွန်ကြောက်စရာကောင်းသည့် မီးပါဝါ ဖြစ်၏။

“ ဖြိုနေပြီ၊ တာဝါကို ဖြိုနေပြီ”

တကယ်ကြီး ဖြိုချနေတာလား။

လူများသည် တစ်စုံတစ်ယောက်က ရုတ်တရက်အရှိန်မြင့်ပြီး ထိုနေရာဆီသို့ တန်းတန်းမတ်မတ် ပြေးလာသည်ကို တွေ့လိုက်လေသည်။

ထို ဆာကူရာအသင်းသားသုံးယောက်သည် လုံးဝ လန့်မသွားပေ။

သူတို့သည် ထိုမျက်စိကျိန်းလောက်သည့် stun က ရုတ်တရက် ပေါ်ထွက်လာမည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

သူတို့သုံးယောက်သည် ထိုနေရာတွင် ပိတ်မိသွားတော့သည်။

ထိုလူသည် သူ့ မီးပါဝါအားလုံးကို စုစည်းလိုက်ပြီး ပြင်းထန်သည့် headshotတစ်ခုနှင့်အတူ တစ်ယောက်ကို တစ်ချက်ထဲနှင့် သတ်လိုက်လေသည်။

တိမ်ကျား နှစ်ယောက်ဆက်သတ်ပြီး။

“ -ျီး အဲဒါဘယ်သူလဲ ကြောက်ဖို့ကောင်းလိုက်တာ”

ပရိသတ်များသည် အ-ေသလန့်သွားကြတော့သည်။

သို့သော် ထိုမျက်စိကျိန်းလောက်သည့် stun နောက်က ဒုတိယတိုက်ကွက်ကို ဘယ်သူသုံးသွားမှန်း မည်သူမှ မသိလိုက်ချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now