အပိုင်း(၂၆၇) သဝန်တိုနေတာလား

646 65 1
                                    

အပိုင်း(၂၆၇) သဝန်တိုနေတာလား

သူသည် ဤကဲ့သို့ ငြင်းခံလိုက်ရမည်ကို ဘယ်တုန်းကမှ မပြင်ဆင်ခဲ့ဖူးသောကြောင့်ဖြစ်ဟန်တူသည်။

ထို့ကြောင့် သည်လို ဖြစ်သွားသောအခါ သည်ကိစ္စက သူ့ကို လွန်စွာ မသက်မသာဖြစ်ရစေတော့သည်။

ချင်မော့သည် သူ့မျက်လုံးများကို မှေးထားလိုက်ရာ အင်မတန် အန္တရာယ်ရှိနေပုံ ပေါက်နေတော့သည်။

သူက အဆင်ပြေမနေဘူး။

အတွင်းရေးမှူးလျန်သည် သတိအနေအထားဖြင့် ရှိနေသော်လည်း သူသည် တစ်စုံတစ်ရာကိုမျှ မပြောရဲသေးချေ။

သူတို့သည် ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက်တွင် အဝင်ဖုန်းတစ်ခုက သူ့ဘဝကို ကယ်လိုက်တာ့သည်။

သူ့ရှေ့က ခံ့ခံ့ညားညား မတ်မတ်ရပ်နေသူကို ကြည့်လိုက်ပြီးနောက်တွင် အတွင်းရေးမှူးလျန်သည် စိတ်သက်သာရာ ရသွားတော့သည်။ သူသည် သူ့လေသံကို ပြင်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။

“ မစ္စလျိုလိ ၊ ဟုတ်ကဲ့၊ ကျွန်တော်တို့ ရောက်ပါပြီ၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဟိုတယ်မှာပဲ ရှိသေးတယ်၊ ကျွန်တော်တို့ နေ့လယ်စာစားဖို့ ပြင်ဆင်ထားပြီးပြီ။ သူဌေးချင် နည်းနည်း ခရီးပန်းလာလို့၊ ကျွန်တော်တို့ကို လာမကြိုနဲ့တော့နော်၊ ကျွန်တော်တို့အားလုံးက ဒီကို လေ့ကျင့်ဖို့လာကြတာလေ။ ကောင်းပါပြီ၊ နေ့လယ်မှ တွေ့မယ်နော်”

သူသည် စကားကို အဆုံးသတ်လိုက်ပြီးနောက် သူသည် ချင်မော့၏ အေးစက်စက် မျက်လုံးများနှင့် ဆုံမိသွားသည်။

သူသည် အမြန် ရှင်းပြလိုက်လေသည်။

“ ဒုဥက္ကဋ္ဌက အချိန်ဇယားဆွဲထားတယ်တဲ့၊ အသင်းနှစ်ခု အတူတူ လေ့ကျင့်ကြရမယ်”

ချင်မော့သည် အခန်းထဲဝင်သွားကာ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အင်မတန်အေးစက်သော လေသံတစ်ခုထွက်ပေါ်လာသည်။

“ ငါတို့က အခု အသင်းသားသစ်တွေပါလာတာဆိုတော့ အချိန်ဇယားကို မနက်ဖြန်ကို ပြောင်းလိုက်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now