အပိုင်း (၂၃၀) နောက်တွေ့မဲ့ပြိုင်ဘက်တွေက နိုင်ငံအဆင့်ထိပ်တန်းကစားသမားတွေတဲ့

929 102 1
                                    

အပိုင်း (၂၃၀) နောက်တွေ့မဲ့ပြိုင်ဘက်တွေက နိုင်ငံအဆင့်ထိပ်တန်းကစားသမားတွေတဲ့

ဟယ်ဟုန်ဟွာသည် သူမ၏လက်ရှိခံစားချက်ကို ဖော်မပြတတ်အောင် ဖြစ်နေတော့သည်။ သူမသည် ကွင်းထဲရှိ အရပ်မြင့်မြင့်ပုံရိပ်ကို ကြည့်နေရင်း မျက်ရည်များ ပြည့်လျှံလာကာ မျက်လုံးများနီရဲ သွားတော့သည်။

မိခင်တိုင်း၏နှလုံးသားထဲက အကြီးမားဆုံးသောပျော်ရွှင်မှုသည် သူတို့၏ကလေးတွေကို အသိအမှတ်ပြုပေးပြီး ဂုဏ်ယူရခြင်းဖြစ်လေသည်။

<သူရဲကောင်း>ဂိမ်း၏နောက်ခံတေးသွားကို ကျယ်လောင်စွာ ဖွင့်ထားလေသည်။

<ဟယ်မိသားစုကော့ပ်>မှ အသင်းသားများအားလုံးသည် တောက်ပသောမျက်လုံးများဖြင့် ရပ်နေကြလေသည်။

တစ်ခါတစ်ရံ ချောမောခြင်းဟူသည် ရုပ်ရည်ချောမောခြင်းကိုသာ ဆိုလိုသည်မဟုတ်ချေ။ စိတ်အတွင်းမှထွက်ပေါ် လာသော ထက်မြက်သည့်ဥပဓိရုပ်နှင့် နှစ်လိုဖွယ်ဓာတ်တို့လဲ ဖြစ်လေသည်။

အရပ်အနိမ့်အမြင့် မတူသောလူလေးယောက်သည် တူညီဝတ်စုံကို ဝတ်ထားပြီး တန်းစီရပ်နေကြသည်။ သူတို့ကို လူငယ်လေးတစ်ယောက်က ဦးဆောင်လာပြီး သူတို့၏နောက်တွင် မှိန်ချည်လင်းချည်ဖြစ်နေသာ ကွန်ပျူတာ ဖန်သားပြင် အတန်းလိုက်ရှိနေသည်။

ကင်မရာအားလုံးသည် ဖူကျို့ <ဟယ်မိသားစုကော့ပ်>ရဲ့ အသင်းခေါင်းဆောင် ရှိရာဘက်သို့ တစ်ဖက်ထဲကို လှည့်ထားသည်။

လူအများမျှော်လင့်ထားတဲ့အတိုင်း ဒီလူငယ်လေးက ထိပ်ဆုံးကိုရောက်လာတော့မှာပဲ။

ချင်ကော်ပိုရေးရှင်းက ဦးစီးကျင်းပသော အွန်လိုင်းဂိမ်းကစားသမားရွေးပွဲကို တစ်နိုင်ငံလုံးတွင် ထုတ်လွှင့်ပြသ လျက်ရှိလေသည်။

ပွဲမပြီးခင် သတင်းထောက်များသည် ကြယ်ပွင့်များအားလုံးကို သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို စတင်မေးမြန်း နေကြလေသည်။

သတင်းထောက်တစ်ယောက်က ပြီးခဲ့သည့်နှစ်က <ရှန်းနန်အသင်း> ကို အနိုင်ရခဲ့သည့် <Supreme အသင်း>ကို မေးခွန်းထုတ်လိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now