အပိုင်း (၂၃၁) မင်းသားလေးကျို့ အထာစ,ပေးခြင်း

801 96 0
                                    

အပိုင်း (၂၃၁) မင်းသားလေးကျို့ အထာစ,ပေးခြင်း

ပထမတွင် လူများသည် ဇဝေဇဝါဖြစ်သွားကြသည်။

အဲလူငယ်လေးက ဘာလို့ ဟိုဖက်ကိုလျှောက်သွား လိုက်တာလဲ။

သိပ်မကြာလိုက်ခင်မှာပဲ ထိုနေရာက ကြီးမြတ်တဲ့သခင်လေးချင် ရပ်နေသည့်နေရာဖြစ်သည်ကို သူတို့ သဘောပေါက် သွားတော့သည်။

ဘာ.... ဘာတွေဖြစ်နေတာလဲ ဒီမှာ

ထိုအနက်ရောင်သန့်သန့် ပြိုင်ပွဲဝတ်စုံဝတ်ထားသော ချင်မော့ကို အဝေးကပင်မြင်နေရလေသည်။ အားလုံးနှင့် ခြေလှမ်း ဒါဇင်ပေါင်းများစွာ အကွာတင်ရပ်လျက် သူ့ဆီလျှောက်လာနေသော လူငယ်လေးကို ကြည့်နေလေသည်။ သူ့မျက်ခုံးများကို ကျုံ့ထားသောကြောင့် ပို၍ဆွဲဆောင်မှု ရှိနေတော့သည်။

သူ့မျက်နှာအမူအရာသည် မပြောင်းလဲရှိနေပြီး ယခုမူ သူ့မျက်ခုံးလှလှလေးများကို ပင့်တင်ထားကာ ခပ်ထန် ကြမ်းတမ်းသော အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်နေတော့သည်။

လူတိုင်းက ငေးမောလို့ပေါ့။

ပရိသတ်များတင်မက ဒိုင်လူကြီးများပါ ရှော့ခ်ရသွားတော့တယ်။

ဒီလိုဖြစ်လာလိမ့်မယ်လို့ သူတို့ လုံးဝမျှော်လင့်ထားတာလေ။

ဒီလူငယ်လေးက ကြီးမြတ်လှတဲ့သခင်လေးချင်ရှေ့ကို ဒီလိုပဲလျှောက်သွားလိုက်တာ သူ ဘာလိုချင်လို့ပါလိမ့်။

ထိုအခိုက်အတန့်မှာ ကင်မရာအားလုံးရဲ့ ရှုထောင့်တွေပြောင်းသွားကာ သူတို့နှစ်ယောက်ကို ချိန်ထားလိုက်တော့တယ်။

စိုးရိမ်စိတ်အပြည့်နှင့် အတွင်းရေးမှူးလျန်သည် မတော်တဆ ကင်မရာတွင် ပါသွားသွားတော့သည်။ သူသည် သခင်လေးကျို့ကို လှမ်းဆွဲပြီး မေးလိုက်ချင်နေတော့သည်။

ဒီလိုလုပ်ပြီး ဘာရချင်နေတာလဲလို့

ဘေးပတ်လည်က ကင်မရာတွေကို မင်းမမြင်ဘူးလားဟင်

သူဌေးချင်ကို လူတွေက ဂေးလို့ ထင်သွားရင်ဘယ်လိုလုပ်မလဲ။

ချန်ရှောင်တုံးသည်လဲ အတွင်းရေးမှူးလျန်ကဲ့သို့ တွေးနေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now