အပိုင်း (၂၄၄) ကြီးမြတ်လှတဲ့သခင်လေးချင်က ဂေးတွေကို မုန်းတယ်

728 80 0
                                    

အပိုင်း (၂၄၄) ကြီးမြတ်လှတဲ့သခင်လေးချင်က ဂေးတွေကို မုန်းတယ်

ဖူကျို့ : “......” ဒီလေသံကို ဘာလို့ရင်းနှီးနေပါလိမ့်

ရွှယ်ယောင်ယောင်သည်လည်း အံ့ဩသွားလေသည်။ သူမသည် မင်းသားလေးကျို့  ပြောပြခဲ့သည့်အရာကို တိတ်တဆိတ် အမှတ်ရသွားလေသည်။

အံ့သြစရာကောင်းလောက်အောင်ပင် ကြီးမြတ်လှသည့်သခင်လေးချင်က မင်းသားလေးကျို့ကို ပေးခိုင်းရသည့် အကြောင်းအရင်းကို  သူမ နားလည်သွားလေသည်။ သူမသည် မင်းသားလေးကျို့လက်ထဲမှ သူမ၏လက်ကို ငုံ့ကြည့်လိုက်မိသည်။ သူမသည် နောက်ကျောဘက်မှ ရေခဲတမျှအေးစိမ့်သော ခံစားချက်တစ်ခုကို အကြောင်းမဲ့ ခံစားမိလိုက်သည်။

ကံအားလျော်စွာ ရွှယ်ယောင်ယောင်သည် သတိကြီးသော အရိပ်အကဲသိသူဖြစ်ရာ မင်းသားလေးကျို့၏လက်ထဲမှ သူမလက်ကို ပြန်ရုပ်လိုက်လေသည်။

ချင်မော့သည် ဘာမျှ ထပ်မပြောတော့ဘဲ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ကျန်တစ်ဖက်ကို ထုတ်လိုက်ပြီး ကောင်လေးကို ကော်လံနောက်မှဆွဲကာ ခေါင်းမိုးထပ်ကို ဆွဲခေါ်သွားတော့သည်။ ထိုနှစ်သည် အလွန်ထူးခြား နေသောကြောင့်လား မသိချေ၊ ဤသို့အဖြစ်အပျက်ကြားတွင်ပင် တမင်အားထုတ်ရန် မလိုဘဲ ချောမောနေတော့သည်။

အမျိုးသားကစားသမားများအားလုံးသည် တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရတော့သည်။ ရွှယ်ယောင်ယောင်ပင် ညစ်ညမ်းသောအတွေးနှင့် မိန်းမငယ်လေး ဖြစ်သွားသယောင် သူမ၏ခေါင်းတွင် အရိုင်းဆန်သော စိတ်ကူးများ စိတ်များ အပြေးအလွှားနှင့် အစအဆုံး ရပ်ကြည့်နေမိလေသည်။

မင်းသားလေးကျို့နှင့် ကြီးမြတ်လှသည့်သခင်လေးချင်တို့သည် အပြန်အလှန် ကျီစယ်နေပုံ မဟုတ်သော်လည်း ထိုလူနှစ်ယောက်သည် အဆင့်အတန်းချင်း တူနေရာ ထိုနှစ်ယောက်ကြားတွင် နိုးကြားတက်ကြွနေသော ဖိအားတစ်မျိုး ရှိနေသည်။ ထိုအရာသည် လူများအား သူတို့၏ ထူးခြားသော ဆက်ဆံရေးကို သတိထားမိသွားစေသည်။

ကျန်ကစားသမားအားလုံးသည် ထိုကိစ္စကို မအားမလပ်နိုင်အောင် ဆွေးနွေးနေကြတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now