အပိုင်း (၃၁၇) ဖူကျို့ရဲ့မှတ်ဉာဏ်တွေ ပြန်ရသွားပြီ...

582 51 1
                                    

အပိုင်း (၃၁၇) ဖူကျို့ရဲ့မှတ်ဉာဏ်တွေ ပြန်ရသွားပြီ...

ထိုကဲ့သို့ သူမ၏မျက်လုံးများကို ကာထားခံရကာ တစ်စုံတစ်ယောက် လှမ်းဆွဲတာ ခံလိုက်ရပြီးနောက် သူမသည် အေးမြသောပွေ့ဖက်မှုထဲတွင် ထွေးပွေ့ခြင်းအတိခံလိုက်ရတော့သည်။

စီးကရက်နံ့ဖျော့ဖျော့လေးသည် သူမ၏နှာခေါင်းဆီ ရောက်လာသောအခါ သွေးညှီနံ့သည်လည်း အရင်ကလောက် မသိသာတော့ချေ။

ထိုအခိုက်အတန့်တွင် ချင်မော့သည် ဖူကျို့ကို တားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ချေ။

ထိုယောကျ်ားသည် လှပသောကျောက်စိမ်းရုပ်ထုကဲ့သို့ ရပ်နေလေသည်။ သူသည် ပိန်သွယ် ရှည်လျားသော ခြေထောက်များနှင့် မျက်နှာချောချောတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူ့အဖြူရောင်ရှပ်အင်္ကျီပေါ်တွင် သွေးများစွန်းထင်းနေသည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား သူ့မွေးရာပါထူးခြားသော တည်ရှိမှုကိုတော့ ဖိနှိပ်မထားနိုင်ချေ။

အကြောင်းမှာ သူသည် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

လူတွေသည် သူ့ပုံသဏ္ဌာန်ကို သရုပ်ဖော်ကြမည်ဆိုလျှင် သူသည် လက်ရာမြောက်အောင် အရောင်တင်ထားသော ကျောက်စိမ်းတစ်ခုဖြစ်သဖြင့် မည်သည့်မိစ္ဆာကမျှ သူ့အနားကပ်နိုင်မည် မဟုတ်ချေ။

သူသည် ကောင်လေး၏မျက်လုံးများကို ကာလိုက်ချိန်တွင် တိုးတိုးညင်းညင်းနှင့် ခပ်ဩဩအသံသည် အထူးတည်ကြည်ကာ ထွက်ပေါ်လာသည်။

“မင်း သူ့ကိုသတ်ချင်သေးလား။ ဒါဆိုရင်တော့ မျက်လုံးမှိတ်ပြီးမှလုပ်၊ မင်းမျက်လုံးတွေက ရဲရဲတောက်နေတုန်းပဲ ဒီတော့ သွေးတွေအများကြီးမြင်ရရင် မသင့်တော်ဘူးလေ”

ဖူကျို့သည် သူပြောလိုက်သည်ကို ကြားလိုက်ပြီးနောက်တွင် သူမ၏ကျောပြင်မှာ တောင့်တင်းသွားတော့သည်။ သူမသည် ရပ်တန့်လိုက်ပြီး ငြိမ်ကျသွားတော့သည်။

ကြီးမြတ်လှသည့်သခင်လေးသည် သူမကို စိတ်တည်ငြိမ်အောင်လုပ်နေသည်ကို သူမ သိလိုက်သည်။

သူမသည်လည်း တည်ငြိမ်သွားတော့သည်။ သူမ၏ခြေတံရှည်များသည် ထိုနေရာတွင်ရပ်နေပြီး ထပ်မကန်မိတော့ချေ။ သူမသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now