အပိုင်း (၃၂၇) ကြံရာပါ

466 44 0
                                    

အပိုင်း (၃၂၇) ကြံရာပါ

ထိုမှတ်ချက်ကို မြင်လိုက်သည့်နှင့် Spade Zဖန်များသည် အလွန်မသက်မသာခံစားလိုက်ရသော်လည်း ပြီးခဲ့သည့်အခေါက်က ကိစ္စပြီးသွားသည့်နောက်တွင် သူတို့သည် ပို၍တည်ငြိမ်လာကြသည်။ ပြန်လည်အငြင်းပွားနေမည့်အစား သူတို့၏ပထမဆုံးတုံ့ပြန်မှုမှာ ဖန်ခေါင်းဆောင်၏သဘောထားကို သွားမေးကြခြင်း ဖြစ်တော့သည်။

“အစ်မလိပ်ကလေး ငါတို့ဘာလုပ်ကြမလဲ၊ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ဖန်တွေက ငါတို့က ကြီးမြတ်လှတဲ့သခင်လေးကို သွားပတ်သက်နေပြန်ပြီလို့ စွပ်စွဲနေကြတယ်”

အစ်မလိပ်ကလေးသည် အရင်ကတည်းက အမြော်အမြင်ရှိရှိ ဆင်ခြင်တွေးခေါ်တတ်သည့် ဖန်တစ်ယောက်ဖြစ်သည်။ သူမသည် ပြတ်ပြတ်သားသား ပြန်ပြောလိုက်လေသည်။

“အခုတော့ ဘာမှပြန်မပြောသေးနဲ့၊ ဒီကိစ္စပြီးသွားတော့ Spade ကြီးက ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ ဒီထက်ပိုရင်းနှီးသွားတာ သေချာတယ်၊ ကြီးမြတ်လှတဲ့သခင်လေးချင်က Spadeကြီးကို အမြဲအကာအကွယ် ပေးခဲ့တာ၊ ဒီလိုဆိုရင် ငါတို့တွေက တခြားလူတွေက သူတို့နှစ်ယောက် ဆက်ဆံရေးကို စကားလုံးတွေနဲ့ ထိအောင်ပြောနေတာကို ခွင့်မပြုထားသင့်ဘူးလေ၊ ဒီပုံကို ဘယ်သူပဲရိုက်ရိုက် ငါတို့အားလုံးမှာ အဖြေရှိပြီးသားလို့ ငါယုံတယ်၊ Spade ကြီးက ချိုချဥ်တွေ ကျဲနေတာလေ ဒီတော့ သိက္ခာရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ခံပေးလိုက်သင့်တာပေါ့၊ ဒီလိုသောက်ရေးမပါတဲ့အာရုံတွေနဲ့ စိတ်ရှုပ်ခံမနေနဲ့၊ သူတို့ ဆက်ဆံရေးကို ထိခိုက်အောင်လုပ်မဲ့အစား ငါတို့တွေ Weiboပေါ်မှာ တန်းစီပြီး Spadeကြီးကို နည်းနည်းလောက် စနောက်လိုက်ကြရအောင်”

လေယာဥ်ပေါ်မှ မန်နေဂျာဖုန်းသာ သည်ပြဿနာကို ရှင်းသည့်ပုံစံကို သိသွားလျှင် သူသည် အစ်မလိပ်ကလေး၏ ပြဿနာဖြေရှင်းသည့်ပုံစံကို သေချာပေါက် ချီးကျူးပေလိမ့်မည်။

အမြင်ရှိလိုက်တာ။

Spade Zဖန်အများစုသည် သည်ညွှန်ကြားချက်များကို လိုက်လုပ်ကြလေသည်။ သို့သော် မီးလောင်ရာလေပင့်သည့် စကားပြောကြသည့် ဖန်အချို့လည်းရှိသေးသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now