အပိုင်း (၃၆၃) မွှေးပွလုံးလေးနဲ့ အိပ်မယ်

355 35 1
                                    

အပိုင်း (၃၆၃) မွှေးပွလုံးလေးနဲ့ အိပ်မယ်

“ ငါတို့တွေ ဘာမှလုပ်စရာမလိုဘူးလား”

ထိုမိန်းကလေးသည် နားမဝင်ချေ။

လျိုလိသည် သူကို ဂရုမစိုက်ပေ။

“ နင် အရမ်းစိတ်ပျက်နေတယ်ဆိုရင်လည်း အကောင့်တစ်ခုဖွင့်ပြီး Spade Zတရားဝင်အကောင့်မှာ ပြဿနာသွားရှာပေါ့၊ အဲလူငယ်တွေက သူ ဟိုဘလက်ကီကို ဆက်ဆံတဲ့ပုံနဲ့ ပတ်သက်ပြီး သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး၊ ဒီတော့ သူတို့တွေ နင့်ကို သေချာပေါက် ထောက်ခံကြလိမ့်မယ်”

“အလုပ်ဖြစ်ပါ့မလား”

လျိုလိသည် အော်ရယ်လိုက်၏။

“ ဒီကလေးတစ်အုပ်က လူတွေက သူတို့ကို ပြန်သဘောကျမှ ကြိုက်တာလေ၊ ဒါပေမဲ့ သူတို့တွေ ထိန်းချုပ်ခံရပြီဆိုရင်တော့ ပြစ်တင်ဝေဖန်ကြပါလေရော၊ သူတို့က မှန်တာ မမှန်တာ ဂရုစိုက်တာမဟုတ်ဘူး၊ ပြီးတော့ သူတို့တွေက လုံးဝမတရားဘူးလို့ပဲ ထင်နေကြမှာ ၊ ဒါက နင်လက်တုံ့ပြန်လို့ကောင်းတဲ့ အခွင့်အရေးပဲလေ”

“Supremeအသင်းကရော၊ ခေါင်းဆောင် ငါတို့တွေ အမုန်းခံရစရာအကြောင်းမရှိဘူးလေ၊ Spade Z ရောက်လာမှပဲ အခြေအနေတွေက ပြောင်းကုန်တာ၊ .. တကယ်ပဲ... ငါ ဆက်တောင် မပြောချင်တော့ဘူး”

လျိုလိသည် သူမ၏အိတ်များကို စုလိုက်ပြီး ဆံပင်လိုက် နောက်ပို့လိုက်ကာ

“စိတ်မပူပါနဲ့၊ COCOမတတ်နိုင်ဘူးဆိုရင် ငါတို့မှ တခြားလုပ်စရာရှိပါသေးတယ်၊ ဒီနားလည်မှုလွဲတာက ပြေလည်သွားမှာပါ၊ အဲဒီလူကို ရှာဖို့ပဲ မမေ့နဲ့”

ကာလီအသင်းသူများသည် ထိုစကားကို ကြားလိုက်ပြီးနောက် ချက်ချင်း အားတက်သွားတော့သည်။

သူတို့ အကောင့် ၃၊ ၄ ခုလောက်ဖွင့်လိုက်ပြီး ဖူကျို့၏ ဖန်pageပေါ်တွင် မနားတမ်း မှတ်ချက်ပေးလိုက်ကြ၏။

ပထမပိုစ့်မှာ ဤသို့ဖြစ်၏။

“ နာမည်ကြီးဖို့ပဲ အမြဲအာရုံစိုက်နေတာတော့ ဆိုးတာပဲ၊ ငါ Spade Zကို အရမ်းကြိုက်ပါတယ် ပြီးတော့ Spadeကြီးက ကြီးမြတ်လှတဲ့သခင်လေးနောက်ပဲ လိုက်မနေဘဲ လက်အမြန်နှုန်းတိုးတက်ဖို့ပဲ အာရုံစိုက်စေချင်တယ်၊ ဒါက ငါ့တစ်ယောက်ထဲရဲ့ အကြံပေးချက်ပါနော်၊ ဂရုမစိုက်လဲ ရပါတယ်၊ ကံကောင်းပါစေ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now