အပိုင်း (၂၈၃) သခင်ကျို့ ဒေါသ

578 56 0
                                    

အပိုင်း (၂၈၃) သခင်ကျို့ ဒေါသ

ရွှယ်ယောင်ယောင်ဘေးတွင်ထိုင်နေသော ထိုကာလီမိန်းမလှလေးသည် လန့်သွားပုံဖြစ်နေသည်။ သူမသည် ကြောက်နေသည့်ပုံစံနှင့် ပခုံးကို ကျုံ့ထားသည်။

သူမသည် ကိုယ်လုံးသေးသေးကျစ်ကျစ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမစကားပြောလျှင် ငှက်ကလေးတစ်ကောင်နှင့် တူသည်။ ယခုမူ သူမကိုယ်သူမ ကျုံ့ထားသောအခါ ရွှယ်ယောင်ယောင်ကို ပြဿနာရှာနေသည့်သူဟု မြင်သွားစေတော့သည်။

ဘာဖြစ်နေသည်ကို မည်သူမျှမသိချေ။

သည်တစ်ကြိမ်တွင် ရွှယ်ယောင်ယောင်ဘေး၌ သူမဘေးတွင် ထိုင်နေသော ထိုမိန်းကလေးမှလွဲလျှင် အနီးတွင် မည်သူမှမရှိချေ။

ရှည်လျားသည် လေးထောင့်စားပွဲကြီးဖြစ်ပြီး သူတို့သည် တရုတ်ဟင်းလျာများကို ဂျပန်အပြင်အဆင်နှင့် စားနေကြရာ သူတို့ကိုယ်ပိုင်အစားအစာကိုသာ စားနေကြသည်။ ထို့ကြောင့် ဖူကျို့နှင့် ဖုန်းရှန် အပါအဝင် ယောကျ်ားလေးအားလုံးသည် မျက်နှာချင်းဆိုင်တွင် ထိုင်ခဲ့ကြသည်။

မကောင်းတာတစ်ခုခု ဖြစ်တော့မည်ကို ဖုန်းရှန် သိလိုက်၏။ သူ့ပထမဆုံးတုံ့ပြန်မှုမှာ ရွှယ်ယောင်ယောင်၏လက်ကို လှမ်းဆွဲလိုက်ပြီး  အရင်ဆုံးပြန်ထိုင်ခိုင်းလိုက်၏။

သူမ ပြန်ထိုင်လိုက်သော်လည်း သူမ၏မျက်နှာသည် ပျော်ရွှင်ဟန်နည်းနည်းမှ မပြချေ။

သူမ၏လက်ချောင်းများသည် သူမ၏ဒေါသကို ထိန်းထားရသောကြောင့် တုန်ယင်နေသည်ကို ဖုန်းရှန်ပင် ခံစားလိုက်ရသည်။

ဖုန်းရှန်သည် ပုံမှန်အားဖြင့် သတိရှိသူတစ်ယောက် မဟုတ်သော်လည်း သူသိသည့်အရာတစ်ခုမှာ တစ်စုံတစ်ခုက အမှန်တကယ် မျှတမှုမရှိခဲ့လျှင် ဘယ်သူမှ ဤကဲ့သို့ ဒေါသထွက်မည် မဟုတ်ပေ။

ထိုခဏ၌ သူပင် သူမ၏ခံစားချက်ကို ခံစားလိုက်ရသဖြင့် ရွှယ်ယောင်ယောင်အား အဖြစ်အပျက်ကို မေးချင်နေမိသည်။

သို့ရာတွင် သူမမေးလိုက်ခင်မှာပင် သူတို့ဘေးမှ ထိုမိန်းကလေးသည် မျက်ရည်များ ကျလာပြီးဖြစ်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now