အပိုင်း (၃၁၃) သူတို့အချင်းချင်း ချစ်မေတ္တာမျှနေကြတယ်

636 54 1
                                    

အပိုင်း (၃၁၃) သူတို့အချင်းချင်း ချစ်မေတ္တာမျှနေကြတယ်

ထိုမိန်းမလှလေးသည် သည်ယောကျ်ားမှာ ထိုကောင်လေးကို အလွန်စိတ်ဝင်စားနေသည်ဟု ယုံကြည်သွားတော့သည်။

ထို့နောက်တွင် နတ်မိစ္ဆာသူငယ်လေးသည် သူမဆန္ဒရှိသော ယောကျ်ားတစ်ယောက်ကို သူမနှင့် ပြိုင်လုနေသည်ဟု သဘောပေါက်သွားတော့သည်။ သူမသည် အံကြိတ်လိုက်ပြီး ချင်မော့ကို အရယူရန် စိတ်ဆုံးဖြတ်လိုက်တော့သည်။

“ငါ ၁၀သန်းပေးမယ် ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ် နင်ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးရလိမ့်မယ် ကောင်ချောလေး၊ ငွေကြးအပြင် နင့် အနာဂတ်အလုပ်အကိုင်ကိုလဲ ကူညီပေးနိုင်တယ်”

ထိုစကားကိုကြားလိုက်သောအခါ ချင်မော့သည် လေသံတိုးတိုးနှင့် ရယ်လိုက်လေသည်။ သူ့မျက်လုံးများသည် ငွေရောင်ဆံပင်နှင့်ကောင်းဆီမှနေ၍ ဝိုင်ပုလင်းထံရောက်သွားပြီး အေးတိအေးစက် စကားတစ်ခွန်းကိုသာ ပြောလိုက်လေသည်။

“စိတ်မဝင်စားဘူး”

ထိုမိန်းကလေးသည် လူအများရှေ့တွင် ပြောင်ပြောင်တင်းတင်း ငြင်းခံလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားတော့သည်။

သို့သော် အားလုံးက အပျော်သဘောဖြင့် ရယ်မောလိုက်ကြလေသည်။

သူမသည် နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းနိုင်ရတော့ကား ပေါက်ကွဲတော့သည်။

“ နင်တို့အမျိုးသားနာမည်ကြီးသူတွေက နင်တို့နည်းနင်တို့ဟန်နဲ့ အိပ်ကြတာပဲမလား၊ ဘာလို့ ငါ့ကျမှ စိတ်မဝင်စားနိုင်ရတာတဲ့လဲ”

သူ့ကို စနောက်ခြင်းသည်အကြောင်းအရာတစ်ခုဖြစ်ပြီး လူများက ကြီးမြတ်လှသည့်သခင်လေးကို စော်ကားနေခြင်းက နောက်ခေါင်းစဥ်တစ်ခုဖြစ်လေသည်။

ဖူကျို့သည် မော့ကြည့်လိုက်ကာ သူမ၏မျက်ခုံးများကို ပင့်ထားလိုက်သည်။

“ငါတို့တွေက  ကိုယ့်အကြောင်းနဲ့ကိုယ် အိပ်ကြတယ်လို့ နင့်ကို ဘယ်သူပြောလဲ”

“ဟန်ဆောင် မနေဘဲ ဝန်ခံလိုက်စမ်းပါ၊ ဒါက နင့်အတွက်ပိုအကျိုးရှိပါတယ်....”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now