အပိုင်း (၂၀၉) ဖူရှီမင်စော်ကားခံရခြင်း

797 73 0
                                    

အပိုင်း (၂၀၉)  ဖူရှီမင်စော်ကားခံရခြင်း

ကျောင်း၏အရာရှိသည် ဖူကျုံးမင်ကို အလွန်ယဥ်ယဥ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်သည်။ သူသည်ပြုံးကာ ပြောလိုက်လေသည်။

“သူဌေးဖူက ကလေးကိုကောင်းပြုစုပျိုးထောင်ခဲ့တာပဲ။ ဒီတကြိမ် သူ့စာမေးပွဲရလဒ်က သိပ်အထင်ကြီးဖို့ကောင်းတယ်။ ကျောင်းကနေပြီးတော့ မိဘဆရာအစည်းအဝေး လုပ်မလို့ပါပဲ ဒါပေမဲ့ ကလေးတွေ သင်ကြားရေးကို မထိခိုက်စေချင်လို့ ဖျက်လိုက်တာ။ ဒါပေမဲ့ သူဌေးဖူ အချိန်ရတဲ့အခါ ကျွန်တော်တို့ကျောင်းကိုလာပြီး  ကလေးတွေကို ဘယ်လိုသင်ကြားပျိုးထောင်ခဲ့ပုံကို လာပြီဝေမျှသင့်တယ်နော်”

ဖူကျုံးရီသည် သူပြောတာကိုကြားလိုက်တော့ ကျောင်းအရာရှိကြီးသည် သူ့အငယ်ဆုံးသားအကြောင်း ပြောနေသည် ဟုထင်သွားလေသည်။ သူသည် ပို၍ဂုဏ်ယူဝင့်ကြွားနေသော်လည်း အိန္ဒြေဖြင့် ပြန်ပြောလိုက်သည်။

“ မဟုတ်တာ မဟုတ်ပါဘူး မဟုတ်ပါဘူးဗျာ ဒါတွေအားလုံးက ရှီမင် သူကိုယ်တိုင်ကျိုးစားထားတာတွေပါ။ သူက ငယ်ငယ်လေးကတည်းက ဂိမ်းမှာကော ကျောင်းစာမှာ တကယ်တော်တဲ့ကလေးပါ။ ကျွန်တော် သူနဲ့ပတ်သက်ပြီးတခါမှ စိတ်ပူရတယ်ဆိုတာ မရှိဖူးဘူး။ သူကသူ့အေဖကိုလဲ မျက်နှာရအောင်လုပ်ပေးနိုင်တဲ့ တကယ် လုပ်ရည်ကိုင်ရည်ရှိတဲ့ကလေးပါ”

မမျှော်လင့်ဘဲ ထိုစကားကိုကြားလိုက်သောအခါ ထိုကျောင်းအရာရှိကြီးသည် ခေတ္တရပ်သွားပြီး အနည်းငယ် ရှက်သွားသော လေသံဖြင့် ပြောလိုက်လေသည်။

“ အင်း သူဌေးဖူ တကယ်တာ့လေ ကျွန်တော်ပြောနေတာက သူဌေးရဲ့အကြီးဆုံးသား ဖူကျို့အကြောင်းပါ”

“သူ့အကြောင်းတဲ့လား”

ဖူကျုံးရီမျက်နှာသည် အူကြောင်ကြောင် ဖြစ်သွားတော့သည်။ နောက်ဆုံးတော့လဲ တစ်ဖက်လူပြောနေသောသူမှာ မမျှော်လင့်ဘဲ ထိုအသုံးမကျသော အမှိုက်ထုပ်အကြောင်း ဖြစ်နေလေသည်။

ဖူရှီမင်သည် ထိုနာမည်ကို ကြားလိုက်သည်နှင့် သူ့အရိုးများကို ဆွဲထုတ်ချင်စိတ် ပေါက်သွားလေသည်။ သူသည် ထိုနေရာတွင်ရပ်လျက် အထင်သေးစွာရယ်ပြီး ပြောလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now