အပိုင်း ( ၃၇၆) ဖူကျို့ ကံဆိုးတော့မှာလား
ချင်မော့သည် ချက်ချင်းလိုပင် အေးခဲသွားတော့သည်။
ဘယ်သူက မဖြစ်ဘဲ နေမလဲ။
ပွယောင်းယောင်းဆံပင်ပါးလေးနဲ့ ကြည်လင်ချောမောတဲ့မျက်နှာက သူ့ရဲ့ညာဖက်ပါးဆီ ရုတ်တရက် ကပ်လာတာလေ၊ နီးကပ်လွန်းလို့မှ မျက်တောင်ထူထူနဲ့ ခပ်ဖျော့ဖျော့နှုတ်ခမ်းလေးတွေကို သေသေချာချာမြင်ရနေလေရဲ့။
ထိုအခိုက်အတန့်တွင် ချင်မော့၏နှလုံးသားသည် ဖော်ပြလို့မရနိုင်လောက်အောင် အသဲတယားယား ဖြစ်သွားပြန်တော့သည်။
ကောင်လေး စကိတ်စီးနေစဥ် သူခံစားခဲ့ရသည့် ခံစားချက်သည် တဖန်ပြန်ရောက်လာပြီး နူးညံ့သည့်ပိုးသားတစ်ထည်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းအစခြေအဆုံး ယုယနေဟန် ခံစားလိုက်ရလေသည်။
သူတို့ဘေးတွင် ထိုင်နေကြသည့် ဂိမ်းမာ ကောင်လေးများအားလုံးက တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြ၏။
သောက်ကျိုးနည်း။
ဒါက ဘာလဲ။
သူတို့တွေ မူးနေတာလား။ ဂိမ်းထဲမှာ ဂေးလို နေတာတော့ ကိစ္စမရှိပါဘူး။ ဒါနဲ့များ တကယ့်အပြင်မှာ အကင်စားနေတုန်းက ဘာလို့ ဂေးလို လုပ်နေကြတာတဲ့လဲ။ အဲလောက်အထိ လိုလို့လား။
မူးနေတာပဲ ဖြစ်ရမယ်။ ငါ့မျက်လုံးတွေကို အရင်ဆုံး ပွတ်လိုက်အုံးမယ်။
ဖူကျို့သည် ခဏအကြာ၌ သူမကိုယ်ကို နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် အရင်ပုံစံအတိုင်း ပြန်ထိုင်လိုက်ကာ အသားတစ်တုံးကို ခိုးယူးထားလိုက်ပြီး သူမ၏နှုတ်ခမ်းများကို ကွေးကာ စဥ်းလဲဟန်ဖြင့် ပြုံးလိုက်လေသည်။
“ အရသာရှိလိုက်တာ “
ချင်မော့သည် သူ့ခေါင်းကို စောင်းကား ကိုယ်ကို ညွှတ်လိုက်လေသည်။ သူ့လက်ချောင်းများဖြင့် ကောင်လေး၏မေးစေ့ကို ဖျစ်လိုက်ပြီး ခက်ထန်လွန်းလှသည့် သူ့အာရုံက လူများ၏နှလုံးသားကို ခုန်ပေါက်သွားစေတော့သည်။
“ နောက်တစ်ကိုက်ဆိုရင် မင်း နောင်တရသွားအောင် လုပ်ပစ်မယ်၊ နားလည်လား”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်