အပိုင်း (၂၃၈) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့အားနည်းချက်ကို ဖုံးကွယ်ပေးလိုက်တယ

827 96 0
                                    

အပိုင်း (၂၃၈) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့အားနည်းချက်ကို ဖုံးကွယ်ပေးလိုက်တယ်

ယခုတော့ သူဌေးလီ၏ဂုဏ်သတင်းသည် ပျက်စီးလုနီးပါး ဖြစ်နေသာ်လည်း ဟယ်ကော်ပိုရေးရှင်းကမူ ကြော်ငြာကုမ္ပဏီများ၏ အချစ်တော် ဖြစ်လာတော့သည်။

စီးပွားရေးသမားအားလုံးသိထားကြသည်မှာ.....

သည်တစ်ကြိမ်တွင် ဟယ်ကော်ပိုရေးရှင်းသည် မည်သို့ပင်ဖြစ်စေ ပယ်ရှားခံရတော့မည်ဟူ၍ ဖြစ်လေသည်။

ဂိမ်းလောကမှာ ကစားသမားအသစ်တွေရဲ့ဘုရင် ____ Spade Z တဲ့

ဒီလိုလှည့်ကွက်နဲ့ လှလှပပလေး ကစားတတ်လာအောင် ဟယ်ဟုန်ဟွာကို ဘယ်သူကများသင်ပေးလိုက်တာပါလိမ့်။

သူဌေးလီ၏လက်သည် သူ့ဖုန်းကို ပို၍ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူသည် အပြီးသတ်ခါနီး ပန်းချီကားတစ်ခုကို ပျက်စီးအောင်လုပ်ခဲ့မိသည်ဟု ခံစားနေရတော့သည်။ သူ့ငွေတွေကို မထုတ်ခဲ့လိုက်မိလျှင် အကောင်းသားဟူ၍လဲ နောင်တရမိနေတော့သည်။

ထိုအချိန်တွင် သူဌေးလျိုသည် သူ့ဘေးမှဖြတ်သွားပြီးနောက် သူလှည့်ပြောလိုက်သည့်စကားမှာ

“စီးပွားရေးလောကမှာ အကျိုးအမြတ်ဆိုတာက ကျေးဇူးတရားလိုပဲ အရေးပါတယ်လေ”

ထိုအဆိုသည် သူဌေးလီကို အံ့ဩ မှင်တက် သွားစေလေသည်။

သူဌေးလျို ဘာမှထပ်မပြောတော့ပေ။ သူသည် ထိုလူသုံးယောက်အကြောင်းနှင့် တစ်ယောက်ချင်းစီ၏မတူညီသော အကျိုးဆက်များကို စဥ်းစားလိုက်ပြီး တိတ်ဆိတ်သောထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူသည် သူ့ဖုန်စခရင်ကိုဖွင့်လိုက်ပြီး missed call တချို့ကို ပြန်ဖြေလိုက်သည်။

ချင်ကော်ပိုရေးရှင်း၏ခေါင်မိုးထပ်တွင် ချင်မော့သည် တုန်ခါနေသောဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများသည် ကောင်လေး၏မျက်လုံးများနှင့် သွားဆုံမိလေသည်။ သူသည် ဖုန်းကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

သူဌေးလျိုသည် ပျော်ရွှင် ဝမ်းမြောက်နေသော အပြုံးနှင့် ချက်ချင်းပြောလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now