အပိုင်း (၂၂၃) Spade Z ရဲ့ယောက်ျားလေးဖန်လုပ်မှာလား၊ သူ့ကိုထိုးချနေတာလား

891 97 0
                                    

အပိုင်း (၂၂၃)  Spade Z ရဲ့ယောက်ျားလေးဖန်လုပ်မှာလား၊ သူ့ကိုထိုးချနေတာလား

ဖူကျို့ပဲ ဖူရှီမင်မဟုတ်ဘူးဟ။

ချက်ချင်းလိုပင် အသက်ရှူသံများ ရပ်တံ့သွားသည်။

ဒါကိုမြင်ပြီးသွားတော့ <Spade Z> ဖန်ပါလို့ ကြေညာခဲ့ကြတဲ့ သူတွေနဲ့ လေးစားအားကျပါတယ် ဆိုတဲ့သူတွေလို့ပြောခဲ့ပြီး ဖူကျို့ကို ကြောက်စရာကောင်းလောက်အောင် ထိုးချခဲ့တဲ့သူတွေအားလုံး ရုတ်ခြည်း တိတ်ဆိတ်သွားကြတော့တယ်။

တစ်ဖက်တွင် ဘာမျှမပြောသောသူများက  ဒီကြိမ်တွင် ပြိုင်တူအော်လိုက်ကြသည်။

“ ငါတို့ရဲ့ကြီးမြတ်တဲ့ Spade Zကြီးက အရမ်းမိုက်တယ်ဟေ့”

သူတို့အားလုံးသည် ဖူကျို့ကို ချက်ချင်း လက်ခံလိုက်လေသည်။

အမှန်တွင်လည်း Spade Zကို အမှန်စင်စစ် လေးစားကြသောသူများသည်လည်း ရုံအတွင်းသို့ ဝင်လာစကတည်းက သိုသိုသိပ်သိပ် နေခဲ့ကြသည်။

ဖူရှီမင်သည် ကြီးမြတ်သောSpade ဖြစ်သည်ဟု သူတို့ဘယ်တုန်းကမှ မယုံကြည်ခဲ့ချေ။ နောက်ဆုံး သူတို့၏အိုင်ဒေါ ပြောခဲ့သောစကားများကို အမှတ်ရနေကြသေးသောကြောင့်ပင်။

တစ်ခါက ကြီးမြတ်တဲ့Spadeက လိုက်ဖ်လွှင့်နေတုန်း တစ်ချက်ထဲနဲ့ မိစ္ဆာကောင်ကြီးကို သတ်လိုက်တုန်းက သူပြောခဲ့တယ်လေ။ သူက ဟယ်ကော်ပိုရေးရှင်းကိုပဲ ဝင်မှာတဲ့။

သို့ရာတွင် လူထုအမြင်များသည် သတင်းအချို့ကြောင့် နားလည်မှုလွဲသွားပြီး ဖူရှီမင်က Spade Z ဟုပင် ယုံကြည်နေကြ တော့သည်။

သက်သေမရှိဘဲ အချက်လက်အချို့ကို လက်ခံထားပြီး သူတို့၏အိုင်ဒေါပြောစကားကို ဘာလို့နားမထောင်လဲဆိုတာကို နားမလည်နိုင်နေတာ့တယ်။

မင်းတို့ကောင်တွေက ထိုးချတဲ့သူတွေလား ဖန်တွေကောဟုတ်ကြရဲ့လား။

တာဝန်ရှိသူတွေ အချိန်မီ ရောက်လာကြပြီးနောက်တွင်  ဝီစီသံအရှည်ကြီးပါလာတော့တယ်။

ကိစ္စတွေ အခုလိုကြီးထွားသွားလိမ့်မယ်လို့ ဖူရှီမင်မတွေးခဲ့မိလေဘူး။ ဒီနေရာမှာပဲ တရားဝင်ဝက်ဘ်ဆိုက်က ဟက်ခံလိုက်ရပြီး စာရင်းသွင်းထားတဲ့အချက်အလက်တွေပါသွားတာက...... သူ့အတွက် အိပ်မက်ဆိုးကြီးသဖွယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now