အပိုင်း (၂၉၄) အလုံးစုံပျက်သုဥ်းခြင်း

538 60 1
                                    

အပိုင်း (၂၉၄) အလုံးစုံပျက်သုဥ်းခြင်း

ဘန်း

ခလုတ်သံထွက်လာသောအခါ ‘PERFECT’ ဆိုသည့် စကားလုံးသည် တစ်ချိန်ထဲတွင် ခါဆက်တိုက်ပေါ်လာတော့သည်။

ဖူကျို့၏လက်ချောင်းများသည် လှပသလောက် စည်းချက်အညီရိုက်ချက်များသည်လည်း တိကျလွန်းလှသည်။

မီးပွင့် ကို နားမလည်ဘူးတဲ့လား။

ဟာသလာမလုပ်စမ်းပါနဲ့ကွာ။

သူမသည် တမင်အညာခံလိုက်ရသည်ဟု ထင်ခံရအောင်နေလိုက်ပြီး ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကို ငုံထားပြီး ဂိမ်းစီးတီးထဲတွင် ကစားနေလေသည်။

သူမသည် ပြန်လည်မွေးဖွားလာပြီးနောက် ‘စတားလိုက်’ဂိမ်းကို တခါမှ မထိခဲ့ဖူးသော်လည်း သူမ၏ မူလအရည်အချင်းကို မလွှမ်းမိုးနိုင်ချေ။

အမှန်တွင် သူမသည် ပျင်းလာသည့်အခါတိုင်း စည်းချက်မာစတာဂိမ်းကို ကစားခဲ့သည်။

သို့သော် ဤကြီးကျယ်ခမ်းနားသော လုပ်ဆောင်ချက်များသည် စကားလုံးများဖြင့် ဖော်ပြရန်ပင်မလုံလောက်ချေ။

မြှားများသည် စခရင်ပေါ်တွင် ပေါ်ချည် ပျောက်ချည် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။

ဂိမ်းအများဆုံးဆော့သည်ဟုပြောကြသော ကြောင်ကလေး  COCOပင် ထိုအမြန်နှုန်းကို မြင်လိုက်သောအခါ ပါးစပ်မပိတ်နိုင်ဖြစ်သွားတော့သည်။

အသေမြန်တယ်ဟ။

မြန်လွန်းလို့ လူတောင် မူးသွားတယ်။

ဒါပေမဲ့ ဒီ... ခေါင်းဆောင်ကို ချစ်ကြိုက်ကြောင်း ဒူးထောက်ဝန်ခံခဲ့တဲ့လူကတော့ မမူးတဲ့လား။

စက္ကန့်ပိုင်းလေးအတွင်းကို သီချင်းရဲ့ ၆၀%ရာခိုင်းနှုန်းက တစ်ချက်မှမလွဲပဲ “PERFECT” တဲ့လေ။

Supremeအသင်းကို အံ့ဩသွားစေရုံသာမက ဆာကူရာအသင်းမှ ထိုကစားသမားနှစ်ယောက်ကို မျက်လုံးပြူးသွားစေတော့သည်။

“ဘာ... သောက်ကျိုးနဲ့၊ ဒီလိုလူမျိုး ဘယ်လိုလုပ်ရှိနေတာလဲ”

“ရှူဂျိ ၊ လုပ်ထား၊  မရပ်လိုက်နဲ့၊ သူ့ကို မသာသွားစေနဲ့”

ရှူဂျိသည် သူ့နားထဲတွင် “PERFECT” ဆိုသည့် အသံကို အကြိမ်တစ်ရာမြောက်ကြားလိုက်ချိန်တွင် မလှမ်းမကမ်းမှ ပွက်ပွက်ညံ့အောင် တောင်းဆိုသံများကို ကြားလိုက်ရသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Waar verhalen tot leven komen. Ontdek het nu