အပိုင်း (၂၇၉) ဖူကျို့ စိတ်ထဲမှာ သေချာသိပြီးသား

594 64 0
                                    

အပိုင်း (၂၇၉) ဖူကျို့ စိတ်ထဲမှာ သေချာသိပြီးသား

လျိုလိသည် သူမ၏မျက်ခုံးများကို မသိမသာ ပင့်ထားလိုက်၏။

အများအားဖြင့် လူတို့၏ မသိစိတ်မှ တုံ့ပြန်မှုများသည် စိတ်ရင်းအမှန် အဖြစ်ဆုံးဖြစ်၏။

ထိုအခိုက်အတန့်တွင် သူမ၏စိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ သူမ၏မျက်လုံးများထဲမှ မနှစ်မြို့သည့် အရိပ်အယောင်ကို လူငယ်လေးဆီ သိသိသာသာ ပို့လွှတ်လိုက်၏။

ဖူကျို့သည် သူမမျက်ခုံးများကို ပင့်လိုက်ပြီး လျိုလိကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။

ထိုအကြည့်က လျိုလိကို ချက်ချင်း တုံ့ပြန်လိုက်စေ၏။ လက်ရှိ သူမ၏မျက်နှာထားမှာ မမှန်နေချေ။ ဘာမှမဟုတ်ပါဘဲ သူမသည် ကြီးမြတ်လှသည့်သခင်လေးချင်ကို ကျိတ်ကြွေသည်မှာ ပေါ်သွားသကဲ့သို့ သူမသည် အနည်းငယ်ရှက်သွားသဖြင့် ချက်ချင်း ရယ်မိသွားသည်။

ဒီလိုမိန်းကလေးမျိုးက အရမ်းဉာဏ်ကောင်းတာလေ။ ဘယ်သူ့ကိုမှ သူမအကြောင်းကို သေချာသိမြင်ခွင့် မပေးတတ်ဘူး။

ဒါပေမဲ့ ဖူကျို့ကတော့ တစ်ဖန် ပြန်မွေးဖွားလာတဲ့သူလေ။  သူမက လူအများကြီးနဲ့ တွေ့ကြုံဆက်ဆံ ခဲ့ဖူးပြီးတော့ သူတို့နှစ်ယောက်စလုံးက မိန်းမတွေမလား။

မိန်းမတွေကပဲ မိန်းမတွေကြားက သိမ်မွေ့နက်နဲမှုတွေကို သိတာလေ။

ခေါင်းဆောင်လျိုလိက ပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ တခြားသူတွေ ပြောသလို တကယ်တမ်းတော့ သဘောထားမကြီးဘူးဆိုတာ သူမ သေချာပေါက်နီးနီး သိနေတယ်။ တကယ်တော့ သူမက သူမဟာသူမလဲ သဘောကျမနေတဲ့အပြင် မုန်းစရာကြီးလို့တောင် ခံစားနေရသေးတာ။ ဒါပေမဲ့ လူရှေ့ရောက်ရင်တော့ တော်တော်လေး သဘောကောင်းတဲ့ပုံနဲ့ နေနေတာပေါ့လေ။

ဖူကျို့က သူမအကြည့်ကို ပြန်သိမ်းလိုက်ပြီး သူမမျက်လုံးများကို သူမဆော့နေတဲ့ ဂိမ်းဇာတ်ကောင်ဆီမှာပဲ အာရုံစိုက်ထားလိုက်တယ်။

ဒီတွဲဖက်အသင်းက တကယ်တော့ သူတို့ကို ဖော်ဖော်ရွေရွေ မရှိပါဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now