အပိုင်း (၃၈၃) ကြီးမြတ်လှတဲ့သခင်လေးက ၅ယောက်နဲ့ယှဥ်ချလိုက်ပြီး အခုတော့ သခင်ကျို့အလ

267 35 0
                                    

အပိုင်း (၃၈၃) ကြီးမြတ်လှတဲ့သခင်လေးက ၅ယောက်နဲ့ယှဥ်ချလိုက်ပြီး အခုတော့ သခင်ကျို့အလှည့်

အဖွဲ့လိုက်တိုက်ရမဲ့အချိန်ပဲ။

အမှတ်(၂)အလယ်တန်းကျောင်း ဖြစ်စေ၊ အမှတ်(၁)အလယ်တန်းကျောင်းဖြစ်စေ နှစ်ဖက်လုံးသည် အလယ်လမ်းတွင် တွန်းထိုးနေကြ၏။

သို့သော် ထိုအဖွဲ့သားများသည် Supremeအသင်းသားများ မဟုတ်ကြချေ။

ထို့နောက် သူတို့သည် ရန်ဖြစ်ကြလျှင် လူငယ်သဘာဝ အပြုအမူများကို ဂရုမစိုက်ကြတော့ပေ။

အထူးသဖြင့် ကောင်လေးသည် ဖူရှီမင်ထံသို့ ဆင်ခြင်မဲ့စွာ ပြေးမသွားလိုက်ခင်မှာပင် “ အား”ခနဲ အော်လိုက်တော့သည်။

ဖူကျို့သည် သူ့အော်သံကြောင့် လန့်သွားသော်လည်း သူ့လက်မောင်းကို ဆွဲဆောင့်ကာ သူ့ကို တားလိုက်ချိန်တွင်တော့ အလွန်နောက်ကျသွားပြီဖြစ်၏။

သူမသည် သူ့ဇာတ်ကောင်က လူအုပ်ထဲ ပြေးဝင်သွားသည့်ကို ကြည့်နေ၏။

တစ်ဘက်လူသည် သူ့ကို ပိတ်ကာ တစ်စက္ကန့်အတွင်း သ-တ်လိုက်တော့သည်။

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးက အဝေးတွင်ရှိနေသည်ကို တွေ့လိုက်ပြီး သူ့ကို မကယ်နိုင်တော့ပေ။ သူသည် အလွန်ဝေးသည့်နေရာတွင် ရှိနေလေသည်။

“ သောက်ကျိုးနဲ၊ သူတို့ ငါ့အစ်ကိုကို သတ်လိုက်ပြီ၊ ငါတို့ရှိနေတာကို မမေ့နဲ့နော်”

နောက်ကစားသမားသည် ယုတ္တိမဲ့စွာ သူ့နောက်လိုက်လာ၏။

ဖူကျို့သည် စိတ်ရှုပ်စွာ သူမ၏နဖူးကို ဖိထားကာ သူမ၏လက်ချောင်းများကြားတွင် သူမ၏ငွေရောင်ဆံပင်များသည် ထိုးထောင်နေတော့သည်။

နည်းဗျူဟာတဲ့လား။ ဒါက သူတို့ရဲ့နည်းဗျူဟာလား။

“ သူ့ကိုသ-တ်လိုက်၊ ဟုတ်ပြီ၊ သ-တ်လိုက်”

ကောင်လေးသည် သူ့ဇာတ်ကောင် ပြန်ရှင်လာသည်ကို စောင့်နေရင်း စခရင်ကိုကြည့်ကာ စတင်အော်နေတော့သည်။

ပိုင်ရှင်အမျိုးသမီးသည် တစ်ခုခုမှားနေပြီဟု တွေးလိုက်ပြီး တစ်ခါ တစ်ခါ လှမ်းကြည့်နေ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now