အပိုင်း (၃၈၁) ဒီငကြွားကိုယ်လူချောကတော့ သေတော့မှာပဲ

247 32 0
                                    

အပိုင်း (၃၈၁) ဒီငကြွားကိုယ်လူချောကတော့ သေတော့မှာပဲ

“ဟုတ်တယ်၊ အဲလိုလုပ်ရမယ်”

ကျန်ကစားသမားများသည်လည်း အမှန်တကယ် အလေးအနက်ထားဟန် ပေါ်နေ၏။

ကြီးမြတ်လှတဲ့သခင်လေးနဲ့ နည်းဗျူဟာအကြောင်း ပြောနေတယ်ဟုတ်လား။

ငါလေး ဒီစကားကိုကြားပြီး ဘာလို့ အဲလောက်အော်ရယ်ချင်သွားမှန်းမသိဘူး။

သူမသည် ရယ်လိုက်ရာ လေးယောက်လုံးက သူမကို ချက်ချင်း ကြည့်လိုက်ပြီး “ ဒီလောက်အရေးကြီးတဲ့ကိစ္စကို မင်းက ဘာလို့ရယ်နေတာလဲ၊ ငါတို့တွေက ဒီမှာ ငါတို့ရဲ့ ယောကျ်ားသိက္ခာနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာလေ” ဟု ပြောနေသည့်နှယ်။

ထိုမျက်လုံးများနှင့် ကြည့်ခံလိုက်ရသည်တွင် ဖူကျို့သည် ကိုယ့်ဟာကို ထိန်းထားချင်သော်ငြား မတတ်နိုင်ဘဲ ဖြစ်နေတော့သည်။

ဒီကလေးတွေ ဘယ်လောက်ရယ်ရလဲဆိုတာ ဘုရားသခင်ပဲ သိမှာပဲ။

သူမသည် မျက်နှာကို စောင့်ငဲ့လိုက်ပြီး သူမ၏မျက်နှာများ တုန်ခါသွားသည်အထိ အော်ရယ်လိုက်ကာ ကြီးမြတ်လှသည့်သခင်းလေး၏ကျောနောက်တွင် ပုန်းကွယ်နေလေသည်။

ချင်မော့သည် သူ့စကေးများကို ရွေးနေစဥ် သူ့လည်ကုပ်နောက်တွင် ရှူထုတ်လိုက်သောလေက လာရိုက်နေသည်ကို ခံစားလိုက်ရ၏။ သူလက်ချောင်းများသည် ရုတ်ခြည်းဆိုသလို ရပ်တန့်သွားတော့သည်။

“ ကိုလူချော သွားကြစို့”

ကောင်လေး၏ခန္ဓာကိုယ်သည် သူ့ဂိမ်းဇာတ်ကောင်အတိုင်း လိုက်လှုပ်ရှားနေ၏။

သူကိုယ်သူ ကားပြိုင်တဲ့ဂိမ်းကစားတယ်များ ထင်နေတာလား။

“ အိုက်ယိုး -ျီး၊ ငါတို့ ရိုက်မိတော့မလို့”

ဖူကျို့သည် ဘေးမှကြည့်နေရင်း ကောင်လေးသည် ကြီးမြတ်လှသည့်သခင်လေးက ထိုလှုပ်ရှားမှုမျိုးကြောင့် လွယ်လွယ် အရိုက်ခံရတော့မည့်လူလို စဥ်းစားနေပုံကို သဘောကျနေတော့သည်။

သို့သော် ကြီးမြတ်လှသည့်သခင်လေးက မလှုပ်မယှက်ဖြစ်နေသည်ကို သိသွားပြီးနောက် သူမသည် ခေါင်းမော့ကာ သူ့အခြေအနေကို ဆန်းစစ်ချင်မိသွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now