အပိုင်း (၃၈၅) ဝမ်းတွင်းမည်း ကြီးမြတ်လှတဲ့သခင်လေးချင်
ဒါသည် အသ-တ်ခံရသူသာ ခံစားရသည့် တုန်လှုပ်မှုတစ်ခုပင်။
သို့သော် ဖူရှီမင်ကတော့ ဒါသည် သူတို့ တုံးအလွန်း၍သာဖြစ်သည်ဟု ထင်လိုက်၏။
သူတို့ရန်သူက ဘာတွေတော်နေလို့လဲ။
သူတို့ကဖြင့် တာဝါထဲကနေတောင် ထွက်မလာရဲပဲနဲ့များ။
ငကြောက် နှစ်ကောင်ပဲ။
သို့သော် သူ့အတွေးဆုံးသွားသည်နှင့်တစ်ပြိုင်နက် တာဝါအောက်တွင် ရပ်နေသည့် ပုံရိပ်နှစ်ခုသည် အတူတူထွက်လာကြ၏။ သူတို့သည် ယှဥ်ကာ ထွက်လာကြပြီး သူတို့၏အမြန်နှုန်းမှာ အလွန်မြန်ဆန်ရကား ခုခံချိန်ပင် မရလိုက်ပေ။
အသားကင်ဆိုင်ထဲတွင် ဂိမ်းအသံမှလွဲလျှင် ဘာမှမကြားရချေ။
ကောင်လေး၏မျက်နှာအမူအရာသည် အနီးကပ်ရိုက်ချက်အလား ဖော်ပြရန် ခက်ခဲလွန်းလှပေသည်။
ဘယ်လို... ဘယ်လိုလုပ်ပြီး သူတို့ရဲ့အရှိန်က အဲလောက်မြန်တာလဲ။ ပြီးတော့... ဒီလူနှစ်ယောက် ဘာလို့များ အဲလောက် အချင်းချင်း နားလည်နိုင်စွမ်းရှိနေတာလဲ။ သူတို့အတူတူ ပြေးထွက်သွားတုန်းက စကားတစ်ခွန်းတောင် မပြောလိုက်ဘူးမလား။
ပြောင်မြောက်လှသည့် လူငယ်လေး၏ လှုပ်ရှားမှုက ကောင်လေး၏ပါးစပ်ကို မပိတ်တမ်း ဖြစ်နေစေတော့သည်။
ထိုငွေရောင်ပိုးသားဆံပင် အနက်ရောင်နားကပ် နှင့်ကောင်လေးသည် သူ့ပါးစပ်ထဲတွင်ပဲတောင့်ကို ငုံထားပြီး မည်သို့များ ကောင်းကောင်းကစားနိုင်ရပါသနည်း။
ဂိမ်းကစားရင်း လေသံတိုးတိုးဖြင့် မေးနေသည့် ဆန့်ကျင်ဘက်တွင်ရှိနေသည့် ကိုလူချောကိုတော့ဖြင့် ထည့်ပြောရန်ပင်မလိုချေ။
“ ဘယ်တစ်ယောက်က လျိုကျုံးမင်လဲ”
ကောင်လေးသည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အမြဲလိုလို အမိန့်ပေးခံနေရသည်ကို စိတ်ပျက်လာတော့သည်။
“ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့တစ်ယောက်”
ထူးဆန်းလိုက်တာ။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်