အပိုင်း (၂၅၀) ချင်မော့က ဖူကျို့နဲ့ တွဲရတာ စိတ်မဆိုးဘူးတဲ့

873 92 0
                                    

အပိုင်း (၂၅၀) ချင်မော့က ဖူကျို့နဲ့ တွဲရတာ စိတ်မဆိုးဘူးတဲ့

ဆိုင်အကူလေးသည် သူ့အိုင်ဒေါ တဖြည်းဖြည်း နီးကပ်လာသောကြောင့် ပိုပို စိတ်လှုပ်ရှားလာတော့သည်။ သို့သော် သူအခုလေးတင် ပြောလိုက်သည့် စကားကိုတော့ ထပ်မပြောရဲတော့ချေ။ ချင်မော့သည် မည်သူနှင့်မျှ တွဲခံရသည်ကို မကြိုက်ကြောင်း လူတိုင်းသိထားပြီး ဖြစ်သည် မဟုတ်ပါလား။

မည်သည့်အရာမျှ ချင်မော့၏မျက်လုံးအစုံအောက်က အလွယ်တကူ လွတ်ထွက်သွားရိုး ထုံးစံမရှိချေ။ သူသည် စားပွဲခုံကို လက်ချောင်းလေးများဖြင့် တီးခေါက်နေပြီး ထောင်ချောက်တစ်ခုကို ချရင်း စူးစူးနင့်နင့် ရယ်လိုက်လေသည်။

“ မင်း ပြောတာ ငါကြားလိုက်ပါတယ်၊ တချို့ အသေးစိတ် အချက်အလက်လေးတွေပဲ လွတ်သွားတာ၊ မင်းက ဘာကို ကြောက်နေတာလဲ၊ အရေးမကြီးတာကိုလေ”

ဆိုင်အကူလေးသည် ကြီးမြတ်လှသည့် သခင်လေးချင်၏ လှည့်ကွက်ကို တစက်ကလေးမှ မရိပ်မိချေ။

သို့ရာတွင် ဖူကျို့ကတော့ သိလိုက်သည်။ အကြောင်းမှာ သူမသည် ချင်မော့၏ ထောင်ချောက်အတွင်း အကြိမ်ပေါင်းများစွာ ကျဆင်းဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် သူမသည် သူမအတွက် ခေါက်ဆွဲပြုတ်ပေးနေသော ဆိုင်အကူလေးကို ကြိုးစား အချက်ပြ လိုက်တော့သည်။

သို့သော် ကြီးမြတ်လှသည့် သခင်လေးချင်သည် ဖူကျို့ကို အခွင့်အရေး တစ်ချက်ကလေးမှ မပေးချေ။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်လေးကို နောက်ကျောမှ ပိုင်စိုးပိုင်နင်း လှမ်းဆွဲလိုက်သော်လည်း တနည်းနည်းဖြင့် ချစ်ခင်ဟန် ပေါက်နေလေသည်။ ထိုနောက် ဆိုင်အကူလေးကို ဆက်လုပ်ရန် တိုက်တွန်းလိုက်လေသည်။

“ ဆက်လုပ်လေ”

ဆိုင်အကူကောင်လေးသည် သူ့အိုင်ဒေါက ထိုလူကို ဆွဲသွားပုံကို မြင်လိုက်ပြီးနောက် အနည်းငယ် ခွဲခြမ်းစိတ်ဖြာမှုကို လုပ်မိလေသည်။ သည်နှစ်များတွင် သူ့အိုင်ဒေါအပေါ် နားလည်မှုအရ ကြီးမြတ်လှသည့် သခင်လေးချင်သည် ထိုလူကို မနှစ်သက်လျှင် တစ်ဖက်လူ၏လက်ကို ဆွဲရန်မဆိုထားနှင့် တစ်စက်ကလေးပင် မထိချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now