အပိုင်း (၂၃၆) ကိုယ့်ပါးကိုပြန်ရိုက်မိခြင်း

787 92 0
                                    

အပိုင်း (၂၃၆) ကိုယ့်ပါးကိုပြန်ရိုက်မိခြင်း

သူမသည် စကားပြောပြီးသည့်နောက်တွင် စုမေ၏အသွင်အပြင်မှာ ငိုရမလို ရယ်ရမလို ဖြစ်နေပုံမှာ သရုပ်ဆောင်ကောင်း လှပေသည်။

သို့ရာတွင် သူဌေးလျိုသည် သူ၏မျက်ခုံးကို ပင့်လိုက်ပြီး ပြောလိုက်လေသည်။

“ Spade Zက ခင်ဗျားရဲ့သား ဖူရှီမင်လို့ ဘယ်သူပြောလို့လဲ”

“ဘယ်လို”

စုမေသည် ထိုအဖြေမလိုသောမေးခွန်းကြောင့် ကြောင်တက်သွားပြီး ထိုနေရာတွင် ရပ်လျက် ပျာယာခတ်သွား လေသည်။

ထို့အပြင် သူမ၏အမူအရာမှာလည်း ကင်မရာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။

ဖူကျုံးရီ နှင့် သူဌေးလီတို့သည်လည်း စိတ်ရှုပ်တွေးသွားလေသည်။

Spade Z ရှီမင်မဟုတ်ဘူးဆိုရင် ဘယ်သူများဖြစ်လေမလဲ။

“ သူဌေးဖူ အပြင်လူတစ်ယောက်အနေနဲ့ ကျွန်တော် ဘာမှမပြောလိုပါဘူး ဒါပေမဲ့ ယောကျ်ားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို တာဝန်ယူရမယ်လေ။ ဒီနေ့လိုခေတ်မျိုးမှာ လူတွေက အပြင်မှာ အမျိုးသမီးကိစ္စတွေရှိတာက ပုံမှန်လိုပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က သူ့ဒုတိယသားကို သားအကြီးဆုံးအပေါ် နိုင်လိုမင်းထက်လုပ်တာကို ခွင့်ပြုထားတာ မြင်ရတာတော့ တော်တော် ရှားတယ်”

သူဌေးလျိုသည် လက်ထဲတွင်ဝိုင်ခွက်ကိုကိုင်ထားကာ အသံနှိမ့်၍ပြောလိုက်လေသည်။

လူများကို အံ့အားသင့်သွားရစေသည်မှာ သူဌေးလျိုသည် ဖြစ်သင့်သည်ကို ဦးစားပေးတတ်သော မန်နေဂျာကောင်းတစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။ သူသည် ဤကဲ့သို့ ပွဲမျိုးတွင် သည်လိုစကားမျိုးကို ပြောမည့်သူ လုံးဝမဟုတ်ရာ သူ မူးများနေတာလား။

သူဌေးလီသည် တက်ရောက်လာသောသူများ အားလုံးနှင့် သိနေသောကြောင့် သူသည် သူ့ပါးစပ်ကို ဖွင့်လိုက်ကာ ဖူကျုံးရီ အတွက် စကားပြောပေးရန်ပြင်နေသည်။

“ သူဌေးလျို ခင်ဗျားမသိလို့နေပါလိမ့်မယ်။ သူဌေးဖူရဲ့သားအကြီးဆုံးက လူတောတိုးတဲ့သူ မဟုတ်ဘူးဗျ။ သူက လုံးဝကို ချို့ယွင်းချက်နဲ့သူဗျ ဒါပေမဲ့ သူက သူ့ဟာသူအမြဲကြွားဝါနေသေးတာ။ ပြီးတော့ ပြောကြသေးတယ် သူက... သူက ယောကျ်ားတွေကိုတောင် ကြိုက်တာတဲ့။ ဒါက ပုံမှန်မဟုတ်တာပဲ မလား၊ သူဌေးဖူကလဲ သူဘယ်လောက်ပဲ အမြင်ကျယ်ကျယ်ပါလေ ဒီလိုသားတစ်ယောက်ကို ဘယ်လိုလုပ်သည်းခံနိုင်တော့မှာလဲ....”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now