အပိုင်း(၂၉၇) နှစ်ယောက်သားအတူ

591 53 1
                                    

အပိုင်း(၂၉၇) နှစ်ယောက်သားအတူ

ယခုအချိန်အထိ သူသည် သူမကို သူ့စူးရှနက်မှောင်သောမျက်လုံးများနှင့် ကြည့်နေလေသည်။ လူတွေကိုညို့ယူနိုင်သည့် သူ့မျက်လုံးများထဲတွင် အလွန်သိမ်မွေ့သော အေးချမ်းမှုတစ်ခု ရှိနေသည်။

ချင်မော့ရဲ့ဖန်တွေကသာ အခုလိုအချိန်မှာ ရောက်လာလို့ကတော့ စကားမပြောခင်မှာ ကြည့်လိုက်တဲ့ သူတို့နတ်ဘုရားရဲ့ပုံစံကြောင့် သူတို့တွေ အသဲခိုက်သွားနိုင်လောက်တယ်။

သူက ချောမောပေမဲ့ တချိန်ထဲမှာပဲ အန္တရာယ်လဲ ရှိတယ်။

သူ့ကို မြင်လိုက်တော့ ဖူကျို့က သူမရဲ့ နှုတ်ခမ်းတွေကို ကွေးထားလိုက်ပြီး

“အစ်ကိုမော့ အခုက အရမ်းနောက်ကျနေပြီနော်၊ ဘာလို့ ဒီမှာရှိနေတာလဲ၊ ဖုန်းလေးရော”

ယခုလေးတင်မှ ရေချိုးပြီးသဖြင့် တောက်ပနေသော လူငယ်လေး၏ချောမောသည့် မျက်နှာကို တွေ့လိုက်ရသောအခါ ချင်မော့သည် သူ့မျက်လုံးများကို မသိမသာ လွဲထားလိုက်ပြီး ပေါ့ပေ့ါပါးပါး ပြန်ပြောလိုက်လေသည်။

“ ဂိမ်းကစားရင် မင်းရဲ့ skillတွေတက်လာအောင် လုပ်နည်းသင်ပေးမလို့လေ”

ဖူကျို့:.... အဲဒီတော့၊ ဖုန်းလေးက ဘယ်မှာလဲလို့။

နေအုံး၊ သူမ ခံစားချက်လုံးဝကောင်းမနေဘူး။

“ ဘယ်အချိန်အထိ အစ်ကိုမော့က ငါလေးကို ဂိုက်လုပ်ပေးမှာလဲ”

ဖူကျို့သည် သူမ၏နဖူးပေါ်ကဆံပင်ကို နောက်သို့ဖြီးချရင်း သူမ၏မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းထားလိုက်၏။  နောက်ဆုံးတွင် သူမ၏ဆံပင်ပေါ်တွင် ရေစက်များမကျန်တော့ပေ။ သို့သော် ဒါသည်ပင် သူမကို ပိုဆွဲဆောင်မှုရှိစေသော အမူအရာတစ်ခုဖြစ်စေလေသည်။

တောက်ပသောအလင်းရောင်အောက်တွင် မှိန်ဖျဖျရောင်ခြည်တစ်ခုသည် လူငယ်လေး၏ဘေးတိုက်ပုံရိပ်ကို ထင်ရှားနေစေတော့သည်။ အလွန်သန့်ရှင်းနေရာ စုတ်ဖွားဖွားကလေးဆံသားများကိုပင် မြင်နေရလေသည်။

ချင်မော့၏အကြည့်သည် သူမဆီ ပြန်ရောက်လာ၏။

သူ့မျက်ဝန်းများသည် စူးရှနက်မှောင်လွန်းရကား ဝိုင်နှင့်စိမ်ထားသကဲ့သို့ ယစ်မူးနေသယောင်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now