အပိုင်း (၃၈၉) အစ်ကိုကြီးတွေက အဲလိုပဲလား

274 34 0
                                    

အပိုင်း (၃၈၉) အစ်ကိုကြီးတွေက အဲလိုပဲလား

ချင်မော့၏လက်ချောင်းများ ရပ်တန့်သွား၏။ ထို့နောက် သူသည် စာပို့appထဲက ထွက်လိုက်ပြီး သူ့ကော်လံကို ပြင်လိုက်သော်လည်း နိုးနိုးကြားကြား ဖြစ်နေဆဲ။

သူသည် ဖုန်းထဲက နာရီကို ကြည့်လိုက်လေသည်။

11:05 p.m.

သူသည် ညီလေးရှိသူတစ်ယောက်ယောက်နှင့် စကားပြောရင်း အတွေ့အကြုံယူဖို့ လိုနေတာဖြစ်မည်။

ချင်မော့သည် လုပ်ငန်းပါတီများကို တက်ခဲသော်လည်း သည်အချိန်တွင် နိုးကြားနေမည့် စီးပွားရေးကို သဘောကျသည့် ထိုသူဌေးလီကိုတော့ သိလေသည်။ သူ့လက်ချောင်းလေးများကို သာမန်အတိုင်း ရွေ့လိုက်ကာ ဖုန်းခေါ်လိုက်တော့သည်။

ခေါ်ဆိုသူအမည်ကြောင့် သူဌေးလီသည် ဖုန်းကို မြန်မြန် ကောက်ကိုင်လိုက်၏၊

“သူဌေးချင် ဘာဖြစ်လို့လဲ ၊ ကျွန်တော့်ကို ဒီအချိန်ကြီးဖုန်းခေါ်လိုက်တယ်ဆိုတော့”

ချင်မော့သည် စကားစမြည် ပြောရန်အချိန်မရှိပေ။

“ အခု စကားပြောလို့အဆင်ပြေရဲ့လား”

သူဌေးက ပြုံးကာ

“ ပြေတာပေါ့”

“ကျွန်တော့် ညီလေးအကြောင်းပါ”

ချင်မော့သည် ခဏတုံ့ဆိုင်းသွားပြီး သူ့အသံသည် ညကဲ့သို့ မည်းမှောင်ကာဖြင့်

“ ကျွန်တော် သူဌေးလီကို မေးချင်တာရှိလို့...”

သူဌေးလီသည် ချင်မော့၏စိတ်ရှုပ်နေပုံကို ကြားသိသွားပြီး ချက်ချင်းရယ်မောလိုက်ကာ

“ ကျွန်တော်တို့နှစ်ယောက်လုံးက အစ်ကိုကြီးတွေအနေနဲ့ စိတ်ရှုပ်ဖို့ကောင်းတဲ့အကြောင်းတွေ တွေ့ကြုံနေရတာပဲ”

“ သူဌေးလီ ပြောချင်တာက ခင်ဗျားလည်း အဲလိုအတွေ့အကြုံရှိတယ်လား”

ချင်မော့၏မျက်လုံးများသည် ထူးထူးခြားခြား စူရဲသွားတော့သည်။

တစ်ဖက်က သူဌေးလီကတော့ ထိုအရာကို မမြင်နိုင်ခဲ့ပေ။ သူသည် အခုလေးတင် သူငယ်ချင်းကောင်းတစ်ယောက် ရလိုက်သလို ပြောဆိုလိုက်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now