အပိုင်း (၃၂၀) နှစ်ယောက်သား အတူတူ ထွက်သွားတယ်
ချင်မော့သည် ငုံ့ကြည့်လိုက်ရာ ကောင်လေးက သူ့ကို ကြည့်နေသည်ကို သတိထားမိသွားသည်။ ဘာကြောင့်မှန်းမသိချေ၊ ကောင်လေးသည် အနည်းငယ် စိတ်ပျံ့လွင့်နေသည့်ပုံပေါ်နေသည်။
ဖြစ်ပျက်သွားသည့်အရာများကို ကြည့်ရင်း ထိုကလေးသည် မှင်တက်အံ့ဩသွားသည်ဟု သူထင်လိုက်မိသည်။
အမှန်ပင်ဖြစ်သည်။ ကြီးမြတ်လှသည့်သခင်လေးသည် သူ့ညီလေးက သည်အရာအားလုံးကို ကြောက်ရွံ့သည်ဟု ယုံကြည်နေမိသည်။
ထိုကောက်ချက်သည် သူ့ညီလေးကို အလွန်အကျွံကာကွယ်လိုခြင်းမှ ဆွဲယူထားတာ ဖြစ်လေသည်။
ချင်မော့သည် ဖူကျို့က ထိုကောင်ကို မည်မျှရက်ရက်စက်စက် ကန်ကျောက်ခဲ့သည်ကို အလိုလို လျစ်လျူရှုမိရက်သားဖြစ်သွားသည်။
ကောင်လေးသည် ယခုမူ မိုက်မဲသည့်ဟန်ဖြစ်နေပြီး သူ့မျက်နှာပေါ်မှ သွေးစလေးတစ်စက သူ့ကို ကလေးလေးတစ်ယောက်နှင့်မခြား တူနေစေတော့သည်။
သူသည် မတရားချောမောနေသော်လည်း သူသည် ရူးမိုက်သည့်ဟန်ဖြစ်နေသေးသည်။
ချင်မော့၏အကြည့်များသည် ကောင်လေးအကြောင်း တွေးမိသွားသည်နှင့် နွေးသထက် နွေးလာလေသည်။ ထို့နောက် သူ့ပိုက်ဆံကို ထုတ်လိုက်ပြီး ဘားကို ပြန်ပြင်ရန် ပိုက်ဆံများကို စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။
သူသည် ဤနေရာသို့ပြေးဆင်းလာသော ဟိုတယ်လုံခြုံရေးများကို ငွေအမြောက်အမြားပေးလိုက်သည်။
ဝိုင်နှင့် ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသောကျန်ပစ္စည်းများသည် ထိုမျှလောက် စျေးမကြီးပေ။
ချင်မော့သည် ဖူကျို့ကို ဆွဲကာ လောကကြီးတွင် သူတို့နှစ်ယောက်မှလွဲလျှင် မည်သည့်အရာမှ မရှိသကဲ့သို့ ဆူညံနေသည့်လူအုပ်ကြီးကို ကျောခိုင်းကာ ထွက်လာသည်။
ဒစ်စကိုမီးလုံးများသည် လင်းလက်နေဆဲ၊ တေးဂီတသံမှာလည်း မြူးကြွနေဆဲပင်။
နိုက်ကလပ်သို့ ရှပ်အင်္ကျီအဖြူဝတ်လာသူကို လူများက အလွန်ရှေးရိုးဆန်သည့်ဟု တွေးကြလေ့ရှိသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်