အပိုင်း (၃၁၂) ကြီးမြတ်လှတဲ့သခင်လေးရဲ့ညက လေလံရောင်းထွက်သွားပြီလား

528 50 0
                                    

အပိုင်း (၃၁၂) ကြီးမြတ်လှတဲ့သခင်လေးရဲ့ညက လေလံရောင်းထွက်သွားပြီလား

ထိုဆက်စီကျသောမိန်းကလေးသည် သူမစကားပြောနေသော ထိုလူမှာ တစ်ချိန်လုံး ထိုကောင်လေးကို ကြည့်နေပြီး သူမကို တစ်ချက်ကလေးမျှပင် မကြည့်သည်ကို သိသွားတော့သည်။

သို့နှင့် သူမသည် မနေနိုင်တော့ဘဲ နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်လေသည်။

“ ပြောလေ၊ ငွေဘယ်လောက်လိုလဲ။ ကျွန်မ ရှင့်သူငယ်ချင်းကိုရော စပွန်ဆာပေးမယ်”

သူသည် ဤကဲ့သို့သော ရက်ရောသည့် အဆိုပြုချက်ကို သေချာပေါက် လက်ခံလိမ့်မည်ဟု သူမ တွေးထားလိုက်သည်။ သူမသည် ဘယ်ယောက်ျားကိုမှ ဤကဲ့သို့ ဂရုမစိုက်ခဲ့ဖူးချေ၊ အကြောင်းမှာ သူမတွေ့ခဲ့ဖူးသောယောကျ်ားအားလုံးသည် သူတို့ကိုယ်တိုင် သူမဆီ အလိုလို လက်ကမ်းခဲ့သောကြောင့် ဖြစ်လေသည်။

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးက ထိုအမျိုးသမီးကို စိတ်ဝင်စားနေသည်ဟု ထင်ခဲ့သော်လည်း ယခုလေးတင်မှ သူမ ပြောလိုက်သောစကားကို ကြားလိုက်ရပြီးနောက် သူမသည် သခင်လေးကို တစ်ညတာ ဝယ်ရန်ကြိုးစားနေသည်ကို ဖူကျို့ သိလိုက်ရတော့သည်။

ဘုရားရေ ငါရယ်လို့မဖြစ်ဘူး ဒါပေမဲ့ ငါ တကယ်ရယ်ချင်နေပြီ

“ မိန်းမလှလေး နင် ငါ့အစ်ကိုကြီးကို ဒီလိုပုံစံနဲ့ စကားပြောချင်တာ သေချာရဲ့လား၊ ငွေက သူ့စိတ်ကို မလှုပ်ရှားစေနိုင်ဘူးရယ်”

ဖူကျို့သည် သူမ၏နှုတ်ခမ်းကို မသိမသာကွေးထားလိုက်ပြီး လျှောက်လာလိုက်သည်။ သူမ၏ မပြုံးတပြုံးနှင့် ပျော်ရွှင်နေသာ မျက်လုံးများဖြင့် သူမသည် ချင်မော့ပေါ်သို့ ပုံမှန်အတိုင်း မှီချလိုက်လေသည်။

သူမ၏ ဘယ်ဖက်လက်ကို ဆိုဖာပေါ်တွင် တင်ထားပြီး အမှောင်ထဲတွင် ဂရုမစိုက်ဟန် အရိုင်းဆန်ဆန် ကြည့်နေလိုက်သည်။

အမှန်ပဲလေ၊ သူမက ဒီအတိုင်းကို အရမ်းချောမောနေပြီးသား။

မိန်းကလေးအားလုံးသည် သူမကို ကြည့်လိုက်ရင်းမှ ရှက်သွားကြတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now