အပိုင်း ( ၃၅၀) ချင်မော့ရဲ့ ပထမဆုံးတိုက်ကွက်က အနိုင်ယူဖို့ စောင့်နေတယ်

375 45 0
                                    

အပိုင်း ( ၃၅၀) ချင်မော့ရဲ့ ပထမဆုံးတိုက်ကွက်က အနိုင်ယူဖို့ စောင့်နေတယ်

“Supremeအသင်းရဲ့ ခေါင်းဆောင်က ဘာလုပ်နေတာလဲ၊ သူက မိန်းကလေး တစ်ယောက်ကိုတောင် မချနိုင်ဘူး၊ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်ဖြစ်လာတာ”

“ ဟုတ်ပါ့၊ မိန်းကလေးကစားသမားတွေတောင် ဘယ်လိုသ-တ်ရမလဲ သိတယ်၊ ဘာမှမလုပ်ဘဲ ပတ်မပြေးနေဘူး”

“ ဒါက တရုတ်လူမျိုးတွေ လုပ်နေကျပဲမလား”

ပရိသတ်များသည် ထိုအကြောင်းပြောရင်း ရယ်မောနေကြလေသည်။

ဆာကူရာအသင်းသားနှစ်ယောက်၏မျက်လုံးများသည် လူသ-တ်လိုစိတ်ကြောင့် နီရဲလာပြီး ရှေ့သို့ အရှိန်နှင့် ရူးမိုက်စွာ ပြေးဝင်လာကြလေသည်။

ရာမာဂူချီသည် ဘယ်ဖက်လမ်းတွင် ရှိနေ၏။ သူသည် အရှိန်နှင့် ပြေးဝင်သွားသူများကို တားရန်ပြင်လိုက်လေသည်။

သို့သော် အလွန်နောက်ကျသွားလေသည်။

ထိုနှစ်ယောက်သည် ရှူဂျိလာနေသောကြောင့် မကြောက်ဘဲ Supremeအသင်းတစ်ခုလုံးကို သုတ်သင်ရန် ဆုံးဖြတ်လိုက်လေသည်။

“  -ေသချင်နေတာ”

ဖူကျို့သည် ထိုစကားလေးလုံးသာ ပြောလိုက်၏။

သူမ၏နှုတ်ခမ်းထောင့်တွင် မသိသာသည့် အပြုံးရိပ်တစ်ခု ဖြစ်သွားလေသည်။ အနီးကပ်ကြည့်လျှင် သူမသည် သွေးဆာနေသည်ကို မြင်ရပေမည်။

သူမ ပြောပြီးသွားနှင့် တစ်စပ်တည်းတွင် သူတို့သုံးယောက်သည် ချင်မော့၏နောက်တွင် ပေါ်လာ၏။

ရှူဂျိသည် နောက်ဆုံးလူဖြစ်သည်။

ရှေ့မှလူများသည် ချင်မော့ထဲ ရိုက်ချက်ကြီးနှစ်ခု လွှတ်လိုက်လေသည်။

ပုံမှန်အတိုင်း ပြောရလျှင် ရိုက်ချက်နှစ်ခုသည် လူသ-တ်ရန် လုံလောက်လေသည်။

ချင်မော့သည် တစ်စက္ကန့်အတွင်း တစ်ချက်ရွှေ့ကာ ရိုက်ချက်တစ်ခုကို ရှောင်လိုက်ပြီး နောက်တစ်ချက်ကို ခုခံလိုက်လေသည်။

ဆာကူရာအသင်းသားများသည် ထိုအခွင့်အရေးကြီးတစ်ခုကို မည်သို့ လက်လွှတ်နိုင်ပါမည်နည်း။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Hikayelerin yaşadığı yer. Şimdi keşfedin