အပိုင်း (၃၂၈) ကြီးမြတ်လှတဲ့သခင်လေးနိုးထလာပြီ

551 58 0
                                    

အပိုင်း (၃၂၈) ကြီးမြတ်လှတဲ့သခင်လေးနိုးထလာပြီ

နင့်ရဲ့ကြင်နာမှုတွေကြောင့် နင့်ကိုယ်နင် ဖျက်ဆီးခံလိုက်လို့မဖြစ်လေဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ လူတချို့က တခြားလူတွေရဲ့စကားကို နားယောင်ပြီး အမြဲလိုလို ယုံကြည်နေကြတဲ့သူတွေ ရှိနေလို့ပဲ။

Spadeကြီးက ကိစ္စတွေကို ဘယ်လိုလုပ်ကြံပြောဆိုရမယ် ဆိုတာမသိပေမဲ့ ဆန့်ကျင်ဘက်က လူတွေကတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ သေချာသိနေလေရဲ့။

ထို့ကြောင့်ပင် သူမသည် တူညီသည့်အမှားမျိုးကို နှစ်ကြိမ်ပြုလုပ်ရန် ငြင်းဆိုလိုက်ခြင်းဖြစ်လေသည်။

အထူးသဖြင့် Spade Zအတွက် ကာကွယ်ပြောဆိုရာတွင် အစ်မလိပ်ကလေးသည် ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိရန်လိုအပ်ပြီး သူမ ရရှိထားသည့်အတွေ့အကြုံမှတဆင့် အနိုင်ယူရန်လိုအပ်သည်။

ကံအားလျော်စွာ သူမသည် ဒီစစ်ပွဲကို တစ်ယောက်ထဲ တိုက်နေရခြင်းမဟုတ်ချေ။

Spade Zယူဆောင်လာသည့် ချစ်ခြင်းမေတ္တာတို့ကိုသာ အာရုံစိုက်ကြသည့် သူများလည်း ရှိသေးသည်။  ထို့ကြောင့် သူမ၏မှတ်ချက်ကို တင်လိုက်ပြီးသည်နှင့်တပြိုင်နက် Spade Zကို အမှန်တကယ် ချစ်ကြသည့်လူများသည် သူမ နောက်ကို လိုက်လာကြတော့သည်။

သူတို့သည် သူတို့၏တည်ရှိမှုသည် မည်မျှအင်အားကြီးကြောင်း လောကကြီးကို အတူတကွ ပြသရန် မှတ်ချက်များကို တစ်ခုပြီး တစ်ခု မရပ်မနား တင်လိုက်ကြတော့သည်။

“ ငါSpadeကြီးက လုံးဝကို ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာနော်၊ သူက လုံးဝကို အပေါ်ကလူပဲ၊ ဒါကြောင့်လဲ ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ အိပ်ခဲ့တဲ့သူက သူပါဆိုတာကိုပြဖို့ တမင် သဲလွန်စချန်ခဲ့တာ”

“ဘယ်လို၊ သူက အပေါ်ကလူတဲ့လား၊ သေချာလို့လား၊ ကြီးမြတ်လှတဲ့သခင်လေးချင်က လက်ခံမှာ မဟုတ်ဘူးနော်”

“ ငါတော့ ကြီးမြတ်လှတဲ့သခင်လေးချင် နိုးတဲ့အထိစောင့်ရင် Weibo updateတွေကို ထိုင်ရှယ်နေတော့မယ်”

“ဟုတ်တယ်၊ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့အကျင့်နဲ့ဆိုရင် ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်၊ ကြီးမြတ်လှတဲ့သခင်လေးက Spadeကြီး နံရံမှာကပ်ပြီး ချုပ်ထားတာမဟုတ်ရင် သူ Spadeကြီးနဲ့ ချက်ချင်းအိပ်လိုက်မှာပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now