အပိုင်း (၃၅၅) ရှက်ဖွယ်မန်နေဂျာဖုန်း
ဖူကျို့သည် ချင်မော့၏ပခုံးပေါ် လက်တင်ထားပြီး လေသံထဲတွင် ရယ်သံစွက်က ပြောလိုက်လေသည်။
“ အခု ဆာကူရာအသင်းက သူတို့ရဲ့ထိပ်တန်းကစားသမားကို မလိုချင်တော့ဘူးတဲ့၊ အစ်ကိုမော့ ငါလေးတို့ သူ့ကို ဆွဲလို့ရပြီ၊ ဘယ်လိုလဲ”
ချင်မော့သည် ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်၏။
“အွန်း”
သူသည် ထိုမန်နေဂျာကို ကြည့်လိုက်၏။
“ဘယ်လောက်လဲ၊ ရာမာဂူချီက အရေးပါတဲ့ကစားသမားတစ်ယောက်ဆိုတော့ စျေးပေါမှာတော့ မဟုတ်ဘူး၊ ခင်များ ပုံမှန်အတိုင်း စျေးခေါ်လို့ရတယ်၊ ကျွန်တော် သူ့ကို ခေါ်လို့ရရင် Supremeအသင်းက ဝမ်းသာကြမှာ”
ဒါ ၊ ချက်ချင်းကြီးကို ငွေစကားပြောနေတာလား။
ထိုမန်နေဂျာသည် ရာမာဂူချီက ဆွဲခေါ်ရလောက်အောင် တန်သည်ဟု လုံးဝ မမြင်မိရာ ပါးစပ်အဟောင်းသားနှင့် ဆွံ့အသွားတော့သည်။
ရာမာဂူချီထပ် ရှော့ခ်ရသွားသူ ရှိတော့မည် မဟုတ်ပေ။
သူသည် ခေါင်းမော့လာပြီး ပြိုင်ဘက်ဟောင်းကို ကြည့်ကာ သူ့မျက်လုံးများသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့သည်။
မန်နေဂျာက လူအများရှေ့တွင် သူ့ကို ပြစ်တင်ပြောဆိုစဥ်က ခါးခါးသီးသီး စိတ်ပျက်မိခဲ့၏။
သူသင်ကြားပေးခဲ့သည့် ကစားသမားများသည် သူ့အတွက် ပြောပေးလိမ့်မည်ဟု အစက ထင်ခဲ့မိသည်။
သို့သော်.... မည်သူမှ ထွက်မလာပေ။
ထိုစွန့်ပစ်ခံရသည့်ခံစားချက်သည် အလွန်ပြင်းထန်သည်ဖြစ်ရာ သူသည် စကားတစ်ခွန်းပင် မပြောချင်တော့ပေ။
သူပြောနိုင်သည်မှာ အတိတ်ကနေ့ရက်များနှင့် ကွာခြားသွားခဲ့ပြီ ဟုသာ။
သူတို့သည် အတိတ်က ဂိမ်းကစားစဥ်က အချိန်ကို မှတ်မိနေသေးသည်။ ထိုမိတ်ဆွေဟောင်းတစ်သိုက်သည် ရှုံးသွားပြီး အကြောင်းအရင်းကို ရှာဖွေကြ၏။ အကြောင်းအရင်း ရှာတွေ့ပြီးနောက်တွင်တော့ သူတို့သည် ဆူရှီစားကာ ဆာကေးသောက်ခဲ့ကြလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်