အပိုင်း (၂၁၅) ဖူကျို့ကိုအထင်သေးကြခြင်း

822 88 0
                                    

အပိုင်း (၂၁၅) ဖူကျို့ကိုအထင်သေးကြခြင်း

ဖူမိသားစု၏ ကစားသမားများကိုလည်း ဗျောက်သောက်ဖွဲ့ထားခြင်းဖြစ်သည်။ သို့ရာတွင် ဖူကျို့ကို မြင်လိုက်သောအခါ သူတို့အားလုံး၏မျက်ခုံးများသည် တပြိုင်ထဲ တွန့်သွားကြသည်။

“ ဘာလဲဟ၊ အဲဒီအမှိုက်ကောင်က ဂိမ်းပြိုင်ပွဲကို ဘာလာလုပ်တာလဲ”

“ ဟယ်ဟုန်ဟွာက ကစားသမားတစ်ယောက်မှ မရလို့ အပျော်တမ်းကစားသမားတသိုက်ကို ခေါ်ပြီး အသင်းဖွဲ့ထားတာ နေမှာပေါ့”

“ အဲလိုဆိုရင်တောင် အဲလောက်ထိရှုပ်ပွမနေသင့်ဘူးလေ”

အမှန်တွင် ထိုအနည်းငယ်သော ကစားသမားများသည် ကြည့်ရမဆိုးနေပေ။ သူတို့သည် အလွန်မာန်တက်နေကြခြင်း သက်သက်သာဖြစ်သည်။

သူတို့သည် ထိုနေရာတွင်မရပ်ဘဲ ဖူကျို့၏ရှေ့တွင် တမင်သွားရပ်လိုက်ကြသည်။ သူတို့၏မျက်ခုံးများကို မသိမသာပင့်ထားပြီး အထင်သေးစွာပြုံးလိုက်ကြသည်။

“ အဲလောက်ရှက်စရာကောင်းတဲ့ကိစ္စ ဖြစ်ပြီးသွားတာတောင် ခုလို ပေါ်လာနိုင်သေးတယ်  ဆိုတော့ ငါစဥ်းစားလို့ကို မရဘူး၊ ကြည့်ရတာ မင်းက နာခံတတ်တဲ့အကျင့်ရအောင် လက်သီးနည်းနည်းလောက် ထပ်လိုနေ တာထင်တယ်”

“ သူ့မျက်နှာကို ကြည့်လိုက်ပါအုံး။ ကျောင်းမှာ ငါတို့ကို ဘယ်လိုခြေသလုံးဖက် တောင်းပန်ခဲ့ရလဲဆိုတာ သူမေ့သွားတာ ဖြစ်ရမယ်၊ မဟုတ်ရင် သူက ကြောင်သူငယ်လေးလို ကုတ်နေရမှာလေ ဟုတ်တယ်မလား သခင်လေးဖူ”

ထိုလူသည် ထိုသို့ပြောလိုက်ရင်း နောက်လှည့်ကြည့်လိုက်သည်။

ဖူရှီမင်သည် သူတို့အားလုံးထဲတွင် အချောဆုံးဖြစ်သော်လည်း ထိုမျက်နှာသေးသေးလေးသည် ခါတိုင်းလိုပင် မာန်တက်ထောင်လွှားနေဆဲ။ သူသည် ဖူကျို့ကို တစ်ချက်ကြည့်လိုက်ပြီး ဝံ့ဝံ့ကြွားကြွားပုံစံဖြစ်အောင် အကောင်းဆုံးကြိုးစား လိုက်ပြီး ဘယ်သူကိုမျက်လုံးထဲမထည့်သည့်ပုံစံဖြင့် ပြောလိုက်သည်။

“ ဒီလိုအပျော်တမ်းကစားသမားဆီမှာ အချိန်ဖြုန်းနေစရာမလိုပါဘူး၊ မင်းတို့ ဂိမ်းIDတွေကို ဟိုမှာသွားထားပြီးရင် ကွန်ပျူတာဆီကို မြန်မြန်သွားကြ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Hikayelerin yaşadığı yer. Şimdi keşfedin