အပိုင်း (၂၂၉) စွဲလမ်းမှုတွေကိုပယ်ဖျက်လို့မရတဲ့နေရာ

859 99 0
                                    

အပိုင်း (၂၂၉)  စွဲလမ်းမှုတွေကိုပယ်ဖျက်လို့မရတဲ့နေရာ

ဖူရှီမင်၏မျက်နှာသည် ယောင်ကိုင်းနေသည်အထိ ရိုက်ခံနေရလေသည်။

တင်ဆက်သူ <တိမ်ကျားကြီး>ဆိုသူသည် ချင်မော့ကဲ့သို့လူဖြစ်ရာ သူသည် စစ်ဘက်အသိုင်းအဝိုင်းမှလာသူ ဖြစ်သည်။ ဤဖြစ်ရပ်များကို မြင်လိုက်ပြီးနောက်တွင် သူ့အကျင့်ကို မထိန်းထားနိုင်တော့ဘဲ အေးစက်စွာရယ်ပြီး မိုက်နှင့်ကပ်ကာ ပြောချလိုက်သည်။

“ ဒါကိုထပ်ရှင်းစရာလိုမယ်လို့ ကျွန်တော်တော့မထင်ဘူး။ ခင်ဗျားက အကောင့်ကို ငွေသုံးပြီးခိုးယူထားတာ အခု အရာအားလုံးက ပေါ်လာပြီဆိုတော့ ခင်ဗျား ထွက်သွားရတော့ မဲ့အချိန်ပဲ”

<ဖူမိသားစုအသင်း>သည် ထိုစကားကို ကြားလိုက်သည်နှင့် သူတို့၏မျက်နှာအမူအရာမဆိုထားနှင့် သူတို့၏ လှုပ်ရှားမှုများပါ အေးခဲသွားတော့သည်။

ဂိမ်းပြိုင်ပွဲအားလုံးထဲတွင် သူတို့တစ်သင်းသာ စီစဥ်သူများ၏ နှင်ထုတ်ခြင်းခံရသောအသင်း ဖြစ်လာတော့သည်။ သည့်အပြင် ထုတ်ပယ်ခြင်းခံရသည်ကလဲ ဤကဲ့သို့ နိုင်ငံနှင့်အဝန်း ထုတ်လွှင့်နေသော တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတုန်းမှာ ဖြစ်နေသည်။ အသင်းများအားလုံး ကြည့်နေကြမည်ဖြစ်ရာ သူတို့သည် တစ်နိုင်ငံလုံးအနေအထား ဖြင့် မျက်နှာပျက်ရသည် ဟူသည့်အဓိပ္ပာယ် ပင်ဖြစ်လေသည်။

ပြိုင်ပွဲနေရာရှိ ပရိသတ်များကလည်း သူတို့ကို ကောင်းကောင်းမဆက်ဆံလိုကြချေ။

မင်းက ဂိမ်းကို ရှုံးသွားရင်တောင် လေးစားမှုတော့ အမြဲလက်ခံနိုင်ရအုံးမှာမလား။

သို့သော် ဖူရှီမင်သည် စည်းကမ်းများကို လျစ်လျူရှုကာ သူသည် အင်အားအကြီးဆုံးဟု တွေးလိုက်ပြီး မီဒီယာတွေကို လမ်းလွှဲကာ သူ့သက်သေခံ အထောက်အထားများကို အတုပြုလုပ်ခဲ့သည်။

လူများသည် အွန်လိုင်းဂိမ်းကစားခြင်းကို အလွန်သဘောကျကြသည်။ အကြောင်းမှာ လက်တွေ့ဘဝတွင် ရှာဖွေ၍ မရနိုင်သော တရားမျှတမှုကို <သူရဲကောင်း>ဂိမ်းတွင် ရရှိနိုင်သောကြောင့်ဖြစ်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now