အပိုင်း (၂၆၀) ဖူကျို့၏တုံ့ပြန်ချက်

764 85 1
                                    

အပိုင်း (၂၆၀) ဖူကျို့၏တုံ့ပြန်ချက်

ဝေ့ပေါ်ဟုတ်လား

ဖူကျို့သည် နောက်ကျမှအိပ်ပြီး နောက်ကျမှ အိပ်ရာနိုးခဲ့သည်။ သူမ မျက်လုံးပွင့်သည့်အချိန်မှစ၍ သူမကိုပေးထားသည့် လေ့ကျင့်ရေးအတွင်း ပြုလုပ်ရမည့်အရာများကို စတင်ပြင်ဆင် ထုပ်ပိုးလိုက်သည်။

သူမတွင် ဝေ့ပေါ်အကောင့်လဲ မရှိပေ။

ထိုကြောင့် မည်သူ တစ်ဦးတစ်ယောက်မှ သူမကို မန်းရှင်းလုပ်နိုင်မည် မဟုတ်ပေ။

သို့သော်ငြား ရွှယ်ယောင်ယောင်၏ လေသံကို ကြားရုံဖြင့် တစ်ခုခု ထူခြားနေသည်ကို သူမ သေချာပြောနိုင်သည်။

သူမသည် လပ်တော့ပ်တစ်လုံးကို ဆွဲထုတ်ပြီး ဖွင့်လိုက်သည်။

“အရင်ဆုံး စာရင်းသွင်းကြတာပေါ့လေ”

ရွှယ်ယောင်ယောင် ဇဝေဇဝါ ဖြစ်သွားလေသည်။

“ စာရင်းသွင်းမယ် ဟုတ်လား၊ မလိုဘူးလေ၊ သူဌေးဖုန်းက ငါတို့ တစ်ယောက်စီတိုင်းအတွက် လျှောက်ပေးထား ပြီးပြီလေ၊ အားလုံးက ငါတို့ဖုန်း နံပါတ်တွေနဲ့ဖွင့်ထားတာ၊ အားလုံးက စီစစ်ပြီးသားလေ။ မင်းသားလေးကျို့ နင်က နင့်ရဲ့ဖုန်းနံပါတ်နဲ့ နင့်အေကာင့်ထဲ တိုက်ရိုက်ဝင်လိုက်ရုံပဲ၊ သူဌေးဖုန်း နင့်ဆီ ပို့ထားတယ်”

ဖူကျို့သည် ခေါင်းလေးကိုစောင်းကာ သူမဖုန်းစခရင်ကို ကြည့်လိုက်၏။

“မဖတ်ရသေးတဲ့ စာတစ်စောင်တွေ့တယ်၊ အေးပါ၊ လေဆိပ်မှာ တွေ့ကြမယ်နော်”

“အင်း”

ရွှယ်ယောင်ယောင်သည် ဖုန်းချလိုက်သော်လည်း ဖုန်းကို လက်မှမချသေးဘဲ လေဆိပ်သွားသည့်လမ်းပေါ်တွင် Weiboမှ စာများကို စစ်ပြီး လိုက်လာသည်။

ဖူကျို့သည် လက်တစ်ဖက်တွင် သူမ၏ စူပါလပ်တော့ပ်ကို ကိုင်ကာ တခြားတစ်ဖက်က သူမ၏ခရီဆောင်အိတ်ကို ဆွဲပြီး အချိန်မဖြုန်းဘဲ ကားပေါ်တက်လိုက်သည်။

သူမသည် ကားထဲသို့ရောက်သည်နှင့် သူမဖုန်းမှ လိုင်းကိုဖွင့်ကာ ဝေ့ပေါ်ထဲ လော့ဂ်အင် ဝင်လိုက်တော့၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now