အပိုင်း (၂၈၁) စိတ်ပျက်ဖွယ် မိန့်ခွန်းများ

729 64 1
                                    

အပိုင်း (၂၈၁) စိတ်ပျက်ဖွယ် မိန့်ခွန်းများ

လျိုလိသည် မည်သို့သောသူမျိုးဖြစ်နေစေကာမူ သူမသည် တစ်ခုတော့ မှန်လေသည်။

လက်ရှိတွင် Supremeအသင်းအတွက် အရေးအကြီးဆုံးအရာမှာ အချိန် ပင်ဖြစ်၏။

အကြောင်းမှာ သည်အသင်းတွင် အသင်းသားသစ်လေးယောက်ရှိပြီး သူတို့သည် အသင်းတစ်ခုနှင့် တစ်ခါမှ မကစားခဲ့ဖူးချေ။

သည်အခြေအနေဖြင့် သူတို့သည် သူတို့၏အစီအစဥ်ကိုပင် မပြောင်းတတ်ပုံ ဖြစ်နေသည်။

သူတို့သည် သူတို့၏ပါဝါကို အပြည့်အဝ ထုတ်သုံးချင်လျှင် သူတို့သည် အသင်းတစ်ခု အနေဖြင့် အတူတကွ ပေါင်းစပ်တတ်ရန် လိုအပ်သည်။

သို့သော် အချိန်က အလွန်ကြပ်နေ၏။

ချင်လုပ်ငန်းစုသည် သည်ရည်ရွယ်ချက်ဖြင့် ကစားသမားရွေးပွဲကို ပြုလုပ်ကာ အသင်းကို ပေါင်းစပ်ရန် အချိန်ယူလိုက်ခြင်းဖြစ်သည်။

သို့သော် ချင်လုပ်ငန်းစုက နောက်ဆုံးအချိန်မှ ကစားသမားရလဒ်ကို ထုတ်ပြန်ရန် ဖျက်သိမ်းခဲ့သည်။

သူဌေးချင်က ထိုဆုံးဖြတ်ချက်ချခဲ့သည့် အကြောင်းအရင်းကို အပြင်လူမဆိုထားနှင့် အတွင်းရေးမှူးလျန်ပင် မသိပေ။

ဖုန်းရီကတော့ သဘောတူကာ ချီးကျူးခဲ့သေးသည်။

“အသင်းတစ်ခုက အရင်ဆုံးဖျက်သိမ်းလိုက်ပြီးရင်  တစ်ပေါင်းတစ်စည်းထဲနဲ့ ပြန်ရပ်တည်ရမှာပေါ့၊ Supremeအသင်းက တည်ထောင်လာတာကြာပြီလေ ပြီးတော့ စပရိုက်တချို့ လုပ်ရမဲ့အချိန် ရောက်လာပြီ”

တကယ့်စရိုက်ပဲလေ။ ပြိုင်ဘက်တွေကတောင် ကစားသမားသစ်တွေရဲ့ အချက်အလက်တွေကို ကောင်းကောင်း မသိလိုက်ရဘူး။

ဒါပေမဲ့လဲ အသင်းတစ်ခုဖြစ်လာအောင် အတူတူလုပ်ဖို့ဆိုရင်တော့ တကယ့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသေးတယ်.....

အတွင်းရေးမှူးလျန်ကတော့ အဲနေရာမှာ တစ်ချိန်လုံးရှိနေတော့ အကျိုး အပြစ် အားလုံးကို သူက မြင်ခဲ့ပြီးပြီ....

နိုင်ငံအဆင့်ဂိမ်းအသင်းတစ်ခုက လူအနေနဲ့ သူလဲ ဒါတွေအားလုံးကို ကောင်းကောင်း သိတာပေါ့။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now