အပိုင်း(၂၉၅) ကြီးမြတ်လှတဲ့သခင်လေးချင် လှုပ်ရှားခြင်း
သို့သော်ငြား အထာပေးခံရသည့် သူတစ်ယောက်အနေဖြင့် ချင်မော့သည် သူ့မျက်ခုံးများကို ဘာမှမဖြစ်ဟန်နှင့် ပင့်ထားလိုက်ပြီးနောက် ပြုစားခံနေရာဟန်ရှိသည့် ဖုန်းရှန်ဆီမှ ကုတ်အင်္ကျီကို ယူလိုက်ပြီး ပုံမှန်အတိုင်း ကောင်လေးဆီသို့ ပစ်ပေးလိုက်လေသည်။
“ သင်ပေးတာ တော်တယ်၊ အပြင်မှာ အေးနေပြီ၊ ဝတ်ထားလိုက်၊ ခဏနေ ပြန်ကြမယ်”
နောက်တဖန်ချီးမွှမ်းခံလိုက်ရပြီးနောက် ဖူကျို့သည့် အလွန်ပျော်သွားတော့သည်။ ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကိုငုံလျက် သူမနောက်တွင်ရှိသော ရှူဂျိမျက်နှာထားကို ဂရုမစိုက်ဘဲ ကုတ်အင်္ကျီကို ဝတ်လိုက်၏။
“ရှန်းနန်အသင်းကကောင်တွေက ရပ်လိုက်”
ဆာကူရာအသင်းမှ ကစားသမားနှစ်ယောက်သည် သူတို့ကို ထွက်သွားလို့မရအောင် တားထားလေသည်။ ယနေ့ပြဿနာသာ အပြင်ကို ပျံ့သွားလျှင် သူတို့အသင်း၏ဂုဏ်သိက္ခာသည် ပျက်စီးပေတော့မည်။ သူတို့မျက်နှာကို ပြန်အဖတ်ဆယ်ရန်လုပ်ရမည်။
ဖူကျိူ့သည် လှည့်ကာ ပြုံးပြလိုက်ပြီး မသိမသာ သရော်လိုက်လေသည်။
“ ငါတို့က ရှန်းနန်အသင်းကလို့ မင်းကို ဘယ်သူပြောလဲ၊ ကြည့်ရတာ ဆာကူရာအသင်းကရထားတဲ့သတင်းက လုံးဝမတိကျတဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်သည်နှင့် ရှူဂျိသည် ရုတ်တရက် အရှုံးမှပြန်နိုးထကာ သတိလည်လာလေသည်။ သူမျက်လုံးကိုများကို ချက်ချင်း ကျဥ်းမြောင်းထားလိုက်ပြီး သူ့သူငယ်အိမ်များမှာလဲ ရှော့ခ်ရသွားသဖြင့် လည်နေတော့သည်။
“ရှန်းနန်အသင်းကမဟုတ်ဘူးတဲ့လား”
မဖြစ်နိုင်တာ။
ပြိုင်ပွဲမစခင်ကတောင် ဒီကောင် မောက်စ့်ကို ကိုင်ထားပြီး တချိန်လုံးဂိမ်းကစားနေတာ သူတွေ့ခဲ့တာပဲ။
အရမ်းလက်ရာမြောက်တာ။ အသိသာဆုံးအချက်က ကောင်လေးရဲ့လက်အမြန်နှုန်းပဲလေ။
အရမ်းမြန်ပြီး အရမ်းလဲလှတာ။
ကောင်လေေး စတားဂိမ်း ကစားတာကို ကြည့်ပြီးနောက်မှာတော့ သူက ဒီကောင်လေးနဲ့ သူရဲကောင်ဂိမ်းကို တစ်ပွဲလောက်ဆော့ချင်စိတ်တွေ တိုးလာတော့တာပဲ။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်